နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.5K 87 3
                                        

အပိုင်း (33)

ကျန်ကျန့် တစ်ယောက်တည်း ရေတံခွန်လေးနားမှာ မတ်တပ်ရပ်ပြီး လှပတဲ့ ရှုခင်းလေးတွေကို ငေးကြည့်နေမိတာကြောင့် ဘေးနားကို ကျန်းထိုက်လျာရောက်လာတာတောင် သတိမထားမိလိုက်ပေ.....

"ရှောင်ကျန့် နင့်တစ်ယောက်ထဲ ရောက်နေတာလား...Yibo ရောဘယ်သွားနေတာလဲ.... အရင်ကဆိုရင် နင်နားမှာ အမြဲတွေ့နေရတယ်လေ.... "

"ဟင်..... အော် ကျန်းထိုက်လျာ.... Yiboက သူအသိတစ်ယောက်နဲ့ စကားပြောရင်နဲ့ ကျန်ခဲ့တယ်..... အဲဒီဘက်က လာတာ Yiboကို မမြင်လိုက်ဘူးလား..... လွှဲသွားတာဖြစ်မယ်ထင်တယ်...."

သူမရွှဲ့ပြီးမေးတာကို သဘောရိုးနဲ့ အမှန်အတိုင်းဖြေနေတဲ့ ရှောင်ကျန့်အား Yiboကို မတွေ့သလိုပုံစံနဲ့ ပြောလိုက်တော့တယ်.....

"အယ်.... မတွေ့လိုက်ဘူး.....  ဒါနဲ့ နင့်ငါ့ကို စိတ်ဆိုးနေသေးလား...ငါညီမလေးကိစ္စကြောင့် နင့်ကိုမဆင်ခြေပဲ အရှက်ခွဲတဲ့ စကားတွေ ပြောလိုက်မိတာ... ငါ့အရမ်းမှားသွားတယ် ရှောင်ကျန့် .... နင့်ငါ့ကို ခွင့်လွှတ်ပေးပါနော်..... နင့်အလုပ်ကိုစပြီး ဝင်လာထဲက တောင်းပန်ချင်ပေမဲ့ ဘယ်ကစပြီး ပြောရမလဲ မသိတော့ မပြောခဲမိဘူး... အခုမှ ဒီလိုနေရာမှာအေးအေးဆေး ဆေး နှစ်ယောက်ထဲ တွေ့တော့မှပဲ တောင်ပန်းရတော့တယ်... နင့်ငါ့ကို စိတ်မဆိုးဘူးမလား ရှောင်ကျန့်..... "

ဒီနေ့ ကျန်းထိုင်လျာက နည်းနည်းထူးဆန်းနေတယ်လို့ သူ ခံ စားမိတယ်..... ဒါပေမဲ့လည်း ပြဿနာမဖြစ်တာပိုပြီးကောင်တယ်လို့ သူထင်မိတယ်.... စကားလုံးလှလှလေးတွေနဲ့ သူ မ ​
ပြောတက်ပေ... တစ်ဖက်လူက မိန်းကလေးတန်မဲ့ တောင်ပန်းနေတာကြောင့်......

"ရပါတယ်.....ဖြစ်ပြီးသားကိစ္စတွေပဲ ပြန်မပြောပါနဲ့တော့... ကျွန်တော်လည်း အဲ့ဒီတုန်းကမချေမငံ ပြန်ပြောလိုက်မိတာကြောင့် စိတ်မကောင်းပါဘူး.... ကျွန်တော်လည်း ကျန်းထိုက်လျာကို တောင်ပန်းပါတယ်..... အခုကစပြီး ကျွန်တော့တို့ ရန်ဖြစ်တာ မရှိတော့ဘူးလို့ သဘောထားလိုက်ပါမယ်...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now