အပိုင်း (6)
သူမတို့သားအမိ နှစ်ယောက်ဧည်ခန်းထဲ ဝင်လိုက်တာနဲ့ မျက် နှာကတည်တင်းပြီးတော့ မာန်ပါပါ မျက်နှာလေးကို ချီးမိုးလျက်ထိုင်နေတဲ့ အသက် (40)အရွယ် မိန်းမတစ်ယောက် နောက်က ဝင်လာတဲ့ သူမတို့သားအမိကို တစ်ချက်ကြည့်လိုက်ပြီးတော့မှ.......
"မောင်...... သူတို့က ဘယ်သူလဲ ဘာကိစ္စနဲ့ အိမ်ကိုခေါ်လာတာလဲ......ဘယ်ကနေ ရှုပ်ရှုပ်ယှက်ယှက်ဘာလို ခေါ်လာတာလဲမောင်.... ဟွန့်..... မွေးထားတာ သမီးလေးနော် ကလေက ချေတွေနဲ့ အသံထွက်မှာကို မလိုလားဘူးနော်မောင်..... "
နှာခေါင်းရှုပ်ပြီးတော့ ရွံရှာသလို ကြည့်လိုက်တာကြောင့် လျှောက်နေဆဲခြေလှမ်းတွေတောင် ဆက်ပြီးမလျှောက်တော့ပဲ ရပ်နေမိတယ်..... သူမကိုယ်တိုင် ထိုမိန်းမပြောတဲ့ အပြောကြောင့် ရှက်ရွံမိအား ငယ်မိတာ..... သားလေးဆိုရင်ကလေးချင်း ဘယ်လိုနေမလဲ....
"လျန်းကလည်း ဘယ်လိုပြောလိုက်တာလဲကွာ..... သူတို့က မောင်သူငယ်ချင်းရဲ့ဇနီးနဲ့ သားလေးပါ မောင်သူငယ်ချင်းဆုံးသွားတော့.... သူတို့တွေ အကြွေးတွေတင်နေလို့ မောင်ကစိုက် ပြီး ဆပ်ပေးလိုက်တာ စာချုပ်စာတန်းနဲ့တရားဝင် ဒီအိမ်မှာ ပိုက်ဆံမကျေမချင်း အစေခံလုပ်ပေးပါမယ်ဆိုလို့ အလုပ်သ ဘောအရ စာချုပ်ချုပ်ပြီးခေါ်လာတာ လျန်းရဲ့....... အိမ်မှာလည်း အိမ်မှုကိစ္စလုပ်မယ်သူမရှိဘူးဆိုတော့ လျန်းကြိုက်တာခိုင်းလို့ရတာပေါ့..... သမီးအတွက်လည်း ကောင်လေးကိုလို အပ်တဲ့ တောက်တိုမယ်ရ အကုန် ခိုင်းလို့ရတာပေါ့ကွာ...."
ကျင်သူဌေးကအစ်ကို သူငယ်ချင်းလို့သာ ပြောတာ သူမတို့ကိုချိုးနှိမ်းပြီး ပြောနေတာ ရစရာတောင်မရှိပေ......... သူတို့က သူဌေးဆိုတော့လည်း ပြောနိုင်ကြတာပေါ့.... သားလေးကိုတော့ သူသမီးရဲ့ တောက်တိုမယ်ရခိုင်းလို့ရတယ်ဆိုတဲ့ စကားက သူမရင်ကို အပ်နဲ့ထိုးသလို နာကျင်စေတယ်......ကံကြမ္မာကြီးက မတရားလိုက်တာ ဖြူစင်တဲ့ သားလေးကိုမှ ဒီလို အ ဖြစ်မျိုးကြုံရအောင်လုပ်ရတာလဲရှင့် ကလေးမှာ ဘာအပြစ်တွေရှိနေလို့လဲဟင်.... ကျွန်မတစ်ယောက်တည်း ဒုက္ခခံတယ် ဆိုရင်တော်သေးတယ်အခုတော့ သားလေးပါအတူတူလိုက်ပြီးခံစားနေရတယ်..... သူမတို့ရပ်နေတာကို တစ်ချက်လှမ်းကြည့်ပြီးမှ.....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...