အပိုင်း (70)
သူမအတွေးလွန်နေတာကြောင့် သူမကိုလှမ်းခေါ်နေတာ မမြင်လိုက်ပေ.... သူမပခုံးကို ခပ်ဆက်ဆက် ပုတ်ခေါ်လိုက်တော့
မှ သူမသတိဝင်လာပြီးတော့...."ဟင်..... ကျင်းသခင်မလေး..."
"နင့်.... ဘာတွေ ဒီလောက်တောင် တွေးနေတာလဲ ငါခေါ်နေတာ ကြာပြီ ဘယ်လိုလဲ အဆင်ပြေရဲ့လား... "
"အင်း..... အားလုံးစီစဥ်ထားတဲ့ အတိုင်း ကွက်တိတွေကြီးပဲ အခုလောက်ဆို သူတို့တွေ ပြဿနာတက်နေလောက်ပြီ...."
ကျင်းလန်ဖုန်းမေးနေစဥ်မှာပဲ နောက်ထပ်မိန်းကလေး ချောချောလေးတစ်ယောက် သူမတို့နားကို ရောက်လာတာကြောင့် သူမတို့ စကားစပြတ်သွားတော့တယ်.... ထိုမိန်းကလေးကို ကျင်းလန်းဖုန်းက....
"သြော်.... ရောက်လာပြီးလား ကျန်းထိုက်လျာရဲ့.... ဟင်းဟင်း ရှင်တော့ သိပ်ကိုမိုက်တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲတော့
ကြည့်ရတော့မယ်... "ဖိန်းပိငယ်က ကျင်းလန်ဖုန်းကို လက်ကုတ်လိုက်ပြီးတော့ မျက်ရိပ်ပြကာ.....
"သူမက ဘယ်သူလဲ တစ်ခါမှတော့ မမြင်ဖူးဘူးနော်.... ချောလိုက်တာအရမ်းပဲ နတ်မိမယ်ကိုယ်ထင်ပြတယ်လို့တောင် ထင်ရတယ်.... လှလိုက်တာနော်တကယ်လှတာ.... "
ကျန်းထိုက်လျာက သူမ စပ်စုနေတာကြောင့် ထိုမိန်းကလေးကို ပထမတော့ အမြင်မကြည်တဲ့ ပုံစံ မကြိုက်တဲ့ ပုံစံနဲ့ ကြည့်နေတယ်.... ချောလိုက်တာလို့ပြောမှ မျက်နှာက သဘောကျသွားတဲ့ပုံစံနဲ့ ကြည့်ပြီးတော့ ဖိန်းပိငယ်ဘက်ကို လက်လှမ်းပေးပြီးတော့....
"တို့က ကျန်းထိုက်လျာပါ.... ရင်းရင်းနှီးနှီးနဲ့ ထိုက်လျာလို့ခေါ်လည်း ရပါတယ်....."
ကျန်းထိုက်လျာက လက်ဆွဲနှုတ်ဆက်နေတာကြောင့် သူမလည်းပြန်ပြီး နှုတ်ဆက်လိုက်တော့တယ်... ကျန်းထိုက်လျာ က သူမကိုယ် သူမ အမွှန်းတင်တဲ့ အနေနဲ့...
"တစ်နည်းအားဖြင့် အပြည့်အစုံ မိတ်ဆက်ရမယ်ဆိုရင် တို့ကWang Yiboရဲ့ ဇနီးလောင်းပေါ့.... ဒါပေမဲ့လည်း နင့်တို့မြင်တဲ့အတိုင်းပဲလေ.... အခုတော့ တို့လက်ထဲကနေ အလုခံရတယ်လေ.... ကြည့်ပါဦး တို့လက်ထဲက လူသွားတာက တို့ထက်ချောမောလှပတဲ့ မိန်းကလေးဆိုရင်တော့ လက်ခံနိုင်ပါသေးတယ် .... အခုတော့ ပြားချပ်ပြီး စွဲဆောင်မှု တစ်ဆက်လေးမှ မရှိတဲ့သူလေ... ပြီးတော့ယောင်္ကျားလေးတစ်ယောက်လည်း ဖြစ်နေတော့ လူတွေရဲ့ အမြင်မှာက အဲ့ဒီကောင် ရှောင်ကျန့်လောက်တောင် ငါက ဆွဲဆောင်မှုမရှိလောက်ဘူးလို့တွေးကြမှာပဲလေ... ဒါက ရှက်ဖို့ကောင်းတဲ့ အကြောင်း အရာတစ်ခုဆိုလည်း မမှားဘူးလေ တို့ဘက်က စဥ်းစားကြည့်လိုက်ပါအုန်း... Wang Yiboလိုလူကိုတောင် မဆွဲဆောင်နိုင်တာကို လှတယ်လို့ပြောလို့ရပါမလား... ဒါကြောင့် အဲဲဒီရှောင်ကျန့်ကို ဒေါသပိုထွက်မိတယ်.... ပြီးတော့ ငါက သူထက်ဘယ်နေရာမှာဘယ်လောက် သာတယ်ဆိုတာကို ပြချင်သေးတယ်လေ...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...