နှလုံသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 72 1
                                    

အပိုင်း (60)

အိမ်ကြီးတစ်ခုရဲ့ ခြံဝန်းထဲမှာတော့ အမျိုးသမီးကြီး တစ်ယောက်နဲ့ အနည်းငယ် ငယ်တယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက တစ်ခုခုကိုလုပ်နေရင်းက​နေ အမျိုးသမီးငယ်က....

"မာမီရယ် သမီးတို့တွေ ချမ်းချမ်းသာသာနေ နေရတာ အခုလို ဆင်းရဲပြီး စားစရာနေစရာမရှိတဲ့ဘဝမျိုးနဲ့ နေနေရတာက အဲ့ဒီမကောင်းဆိုးဝါးကောင် ရှောင်ကျန့်ကြောင့်ပဲ... ဒီကောင်လေးကြောင့်သာမဟုတ်ရင် အခုလောက်ဆိုရင် ကျွန်မတို့တွေ ချမ်းချမ်းသာသာနေနေ​ရပြီလေ.... အခုတော့ နေစရာအိမ်လည်း မရှိတော့ဘူး... သမီးတို့လည်း သူများအိမ်မှာ အဝတ်လျှော် နေရတဲ့ ဘဝဖြစ်သွားပြီးမာမီရယ်... အားလုံးသူကြောင့်ပဲ အဲ့ဒီမကောင်းဆိုးဝါး ရှောင်ကျန့်ဆိုတဲ့ ကောင်လေးက တစ်ကိုယ်ကောင်းအရမ်းဆန်တယ်နော် မာမီ.... ရှောင်အိမ်က ကျွေးမွေးထားတဲ့ ကျေးဇူးတရားကိုမှ မထောက်ထားပဲ လုပ် ရက်လိုက်တာ.... သမီး သူကိုတွေ့ရင် သတ်ချင်နေပြီ သိရဲ့လား.... သူက မကောင်းတဲ့ ကောင်ပဲ သမီးတို့ ဒီလိုပင်ပန်း
ဆင်းရဲပြီး သူများသနားတဲ့ ပေးစာကမ်းစားပဲ စားနေရတဲ့ဘဝဖြစ်နေရတယ်..... ဟိုတစ်ယောက်ကလည်း ရှောင်ကျန့်ကို မရတာနဲ့ပဲ သမီးတိုရဲ့ အိမ်ကို သိမ်းပြစ်ပြီး သမီးတို့ကို ခွေးမောင်းသလို မောင်းထုတ်ပြစ်တယ် သမီးလုံးဝမကျေနပ်ဘူးမာမီရယ်....

Flash Back

တတီတီမြည်းနေတဲ့ ဖုန်းသံကြောင့် သူမတို့တစ်ယောက်မျက် နှာတစ်ယောက်ကြည့်လိုက်ကြတော့တယ်... သားအမိနှစ်ယောက် အားရဝမ်းသာစွာဖြင့် စကားပြောနေကြစဥ် ဧည့်ခန်းက ဖုန်းသံကြောင့် သားအမိနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းကနေ မျက်ရိပ်ပြပြီးတော့ အဓိပ္ပါယ်ပါပါရယ်လိုက်ကြပြီးမှ ရှောင်သခင်မကြီးက.....

"ကျူးသခင်လေးဖုန်းဆက်တာထင်တယ်.... ကြည့်ရတာ သူရှောင်ကျန့်ကို သဘောတွေ့တဲ့ပုံပဲ...မာမီတို့ကို ပိုက်ဆံတွေ ပိုပေးမယ်ဆိုတဲ့သတင်းကောင်းဖြစ်လိမ့်မယ်...ဟင်းဟင်း....."

သူမတို့ သားအမိတစ်ယောက်တစ်ယောက်ကို ယောက်ပြောရင်းက ဖုန်းကို ကိုင်လိုက်ပြီးတော့ သားအမိနှစ်ယောက် လုံးကြားအောင် ဖုန်းကို စပီကာပါဖွင့်လိုက်တော့တယ် ပြီးတော့ အသံကို ချိုနိုင်သမျှ ချိုအောင်ဖန်းတီးပြီးတော့မှ....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now