အပိုင်း (60)
Yiboတမင် အပြင်သွားတဲ့ ပုံစံနဲ့ ရှောင်ကျန့်ကို ပြောပြီး စဖို့အတွက် ပုန်းနေတာဖြစ်သည်... သူနားကို ရှောင်ကျန့် ရောက် လာတော့ လက်ကောက်ဝတ်ကနေ လှမ်းဆွဲလိုက်တာ ဖြစ် သည်... ရှောင်ကျန့်က လန့်ပြီး သူကိုတွန်းလိုက်တာကြောင့် အရှိန်းမထိန်းနိုင်ပဲ နှစ်ယောက်လုံးကုတင်ပေါ်ကို ကျသွားတော့တယ်.....Yibo က ရှောင်ကျန့်ကို နည်းနည်း ညစ်ချင်တာကြောင့် အိပ်ယာပေါ်က ထပြေးမလိုလုပ်နေတဲ့ ရှောင်ကျန့်ကို ခါးလေးကနေ ဖက်ထားပြီးတော့ သူအပေါ်ကို ပြန်ဆွဲချလိုက်ပြီး.....
"ကျွန်တော်ကို နည်းနည်းလောက် နမ်းပါလား.... နမ်းတာကောင်းရင် လွှတ်ပေးမယ်လေ.... ကျွန်တော်ခင်ဗျာကို ချစ်လွန်းလို့ ဘယ်လိုထားရမလဲတောင်မသိဘူး သိလား.... ကျွန် တော်ကို မနမ်းချင်ဘူးလားဟင်... "
"ဟင်အင်း.... ငါမနမ်းတက်ဘူး.... ပြီးတော့ ရှက်တယ်...."
"ဟားဟား တကယ်မနမ်းဘူးလား ဒါဆိုရင်ကျွန်တော် သင် ပေးမယ်လေ လက်တွေ့ကျကျ အနစ်နာခံပြီး သင်ပေးမှာနော်ရှောင်ကျန့် ကျွန်တော်ကို အပြစ်မတင်နဲ့နော်...."
"မင်းနော်.... မင်း အရမ်းနစ်နာနေအုန်းမယ်နော်...."
ပြောပြီး ပြေးဖို့ကြံနေတဲ့ ရှောင်ကျန့်ကို ထွက်ပြေးလို့ မရ အောင် ဖမ်းလိုက်ပြီးတော့မှ... Yiboက မျက်နှာနားကို တဖြေးဖြေး ကပ်လာတာကြောင့် ရှောင်ကျန့်လန့်ပြီး မျက်လုံးမှိတ်မိတယ်... Yiboက ယုန်လေးကို မစတော့ပဲ နဖူးလေးကို ဖွဖွလေးနမ်းပြီး လွှတ်ပေး လိုက်တော့တယ်.... ဒါပေမဲ့ ကိုယ်လေးကိုတော့ ဖက်ထားပြီးတော့....
"စိတ်ချပါ ကျွန်တော်ခင်ဗျာလေးဆီက အဖြေမရမချင်း ဘယ်တော့မှ မထိဘူးစိတ်ချ... အဖြေရပြီးရင် တစ်မျိုးပေါ့..."
သူပြောပြီး ရှောင်ကျန့်ရဲ့ နှာခေါင်လေးကို ဖြည်းဖြည်းလေး မနာအောင်ဆွဲလိုက်မိတယ်....
"ကျွန်တော်ကို ခရီးက ပြန်ရောက်ရင် အဖြေပေးနိုင်မလား... ကျွန်တော်လေ ခင်ဗျားဆီကနေ အရမ်းကြားချင်တယ်...ကျွန် တော်ကို အဖြေလေးတောင် မပေးနိုင်ပါဘူးလား...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...