နှလုံးသားဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.1K 51 8
                                        

အပိုင်း (93)

Yiboနမ်းနေတာ အသက်ရှုမဝတော့တာကြောင့် ရင်ဘတ်ကိုထုပြီး လွှတ်ပေးဖို့ သတိပေးမှ မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ် ပေးလိုက်တော့ ရှောင်ကျန့်တစ်ယောက် အသက်ကိုတောင် မနည်း လုပြီး ရှုနေရတော့တယ်... မျက်နှာလေးရဲနေတဲ့ ယုန်လေးကို ကြည့်ပြီးတော့ သူရှေ့တိုးလာတော့ ယုန်လေးကနောက်ကို ဆုတ်လိုက်ပြီး ....

"တော်ပြီနော် Yiboငါမောနေပြီနော်... ထပ်ပြီးမနမ်းနဲ့တော့ လိမ်မာတယ်နော်...."

သူကို ချော့ပြီးပြောနေတဲ့ ယုန်လေးကိုကြည့်ပြီးတော့...

"လိမ်မာစေချင်ရင် မနက်ဖြန်တစ်ယောက်ထဲ မသွားရဘူးနော်... ရှောင်ကျန့် မားနဲ့ နှစ်ယောက်တည်း သွားတာ အဆင် ပြေပါမလား... ကိုယ်စိတ်မချဘူး နောက်နေ့မှ သွားပါလား ကိုယ်အလုပ်နားပြီးလိုက်ပို့ပေးမယ်လေနော် ရှောင်ကျန့်ရာ...."

သူယုန်လေး အပြင်ထွက် မှာကိုစိတ်မချဖြစ်နေမိတယ်... မားပါတယ်ဆိုပေမဲ့ ရှောင်ကျန့် အပြင်သွားမှာကိုတော့ စိတ်မချပေ... သူမနက်​ဖြန် အရေးကြီးတဲ့ အလုပ်ကိစ္စသာမရှိရင် လိုက်သွားတာကြာနေပြီလေ... အခုတော့ သူမှ ဒီဘက်ကို လွှတ်ရမှာလည်း စိတ်မချ ဖြစ်နေတော့တယ်.... Yiboသူကို စိတ်မချဖြစ်နေတာကို သိပေမဲ့ ဆရာဝန်နဲ့လည်း ကြိုပြီး ပြောပြီး သွားပြီဆိုတော့ ကိုယ်မသွားရင် အားနာစရာဖြစ်နေလိမ့်မယ်လေ.... ဒါကြောင့် သူYiboအား...

"ရပါတယ်... Yiboရဲ့ အလုပ်ကိစ္စရှိတာသာ စိတ်ချလက်ချ
သွားပါ ငါကို စိတ်မပူနဲ့ ကလေးလည်းမဟုတ်ဘူး... ငါသွား တက်ပါတယ် ဒီလောက်လေးကိုများ ပြီးတော့ မနက်ပိုင်းကြီးလေ ငါကို ဘယ်သူက ဆွဲသွားမှာမို့လို့လဲYiboရဲ့ သူများတွေကြားရင် အရမ်းကြီး လုပ်ပြနေတယ်လို့ထင်သွားဦးမယ် သိလား...."

သူကို ယုန်သွားလေးတွေ ပေါ်အောင် ရယ်ပြပြီးပြောနေတဲ့ ယုန်လေးရဲ့ နဖူးလေးကို မနာအောင် ဖွဖွလေးထုလိုက်ပြီးတော့မှ.....

"ပြောပေါ့ ကိုယ်ကတော့ အရမ်းချစ်တာကို ပြီးတော့ ဟောဒီက လူကြီးယောင်ဆောင်နေတဲ့ ကလေးကို စိတ်မချတာ သိရဲ့လား အဆိုးလေးရဲ့...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now