နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.7K 93 7
                                    

အပိုင်း (8)


ရှောင်ကျန့် ဆိုတဲ့ကလေး သူကို ကြောက်လွန်းလို့ တုန်နေတာကို မျက်နှာမဲ့ပြီး အရသာခံကြည့်နေလိုက်တယ်.....လက်ကလေးကို ဖိပြီး ဆွဲထားတာကြောင့် အရမ်းနာလွန်းလို့ မခံနိုင်တော့ အသံတုန်တုန်လေးဖြင့်......

"ကျင်းဦးလေးရယ် ကျန်ကျန့်မလုပ်ပါဘူး...... တကယ်ပါ ကျန်ကျန့်ကို လွှတ်ပေးပါ....... တောင်ပန်းပါတယ်နော်...... သားလက်နာလို့ပါ သားကို သနားပါ.... ဟင့်ဟင့်.... နောက်တစ်ခါ သခင်မလေးကို သေချာဂရုစိုက်ပါမယ်......"

မျက်ရည်တွေကျပြီး တောင်ပန်းနေတဲ့ ကလေးကို တစ်ချက်မှ ပြန်လှည့်မကြည့်ပဲ ဆက်ပြီးတော့ ဆွဲသွားတော့တယ်...... ကျင်းသူဌေးစိတ်ထဲမှာတော့ ရှောင်ကျန့် မင်းကို မသေအောင်ထားနိုင်ရင် ရပြီးအခုကစပြီး ငါ့တို့တွေကို ကြောက်နေအောင်လုပ်ထားမှ မင်းက ငါ့တို့လိုချင်တာကို အလွယ်တစ်ကူပေးမှာ မင်းအသက်ရှင်နေရင်သာ လုံလောက်ပြီး ကျန်တာငရဲထက်ဆိုးစေရမယ် ကလေးရေ.... မင်းအဖေက ငါ့တို့လိုချင်တာကို အသာတကြည်မပေးတဲ့အပြင် အမွေတွေအားလုံးမင်းကိုလွှဲ သွားတော့..... ငါ့တို့က မင်းကြီးလာတဲ့ထိစောင့်နေအုန်းမှာပေါ့...... အလုပ်ရှုပ်အောင်လုပ်တဲ့ မင်းအဖေအစား မင်းဒုက္ခတွေကို ခံစားရမယ်..... အသက်ရှင်နေသရွေ့ ဒီနေရာက ရှင်လျက် ဘယ်တော့မှ မထွက်ရဘူး..... ရှောင်ကျန့်ရဲ့ ငိုသံက သူရဲ့ ကျေနပ်နေတဲ့ အတွေးတွေ ပျက်ကုန်တာကြောင့် ဒေါသထွက်သွားပြီး.....

"တောက်....တိတ်တိတ်နေစမ်း..... နားညီးတယ်...."

ရှောင်ကျန့်ကို ငေါက်လိုက်တာကြောင့် အသံလေးတောင် မထွက်ရဲတော့ပေ.... ခြံရဲ့ မြောက်ဘက်ခြမ်း လူအသွားအလာမရှိတဲ့နေရာလေးမှာ စုတ်ပြတ်သတ်ပြီး မှောင်မဲနေတဲ့ ဂိုထောင်တစ်လုံးဆီသို့ခေါ်လာကာ တံခါးကိုဖွင့်ပြီး အထဲကို ရှောင်ကျန့်လေးအား စောင့်တွန်းထည့်လိုက်တယ်......

"မင်း...... ဒီနေရာမှာနေရမယ် ငါ့ဒေါသပြေမှ တံခါးလာဖွင့်ပေးမယ်..... အခုဖြစ်တဲ့ ပြဿနာကို မင်းရဲ့ အမေမသိစေနဲ့နော်..... သူမသိသွားရင် မင်းကို ဒီထဲမှာတစ်သက်လုံး ပိတ်ထားပြီး မင်းအမေကို မင်းအဖေသေသလို လုပ်ပြစ်လိုက်မယ်... အဲ့ဒီကျရင် မင်းတစ်ယောက်ထဲကျန်လိမ့်မယ်..... ပြန် တိုင်ပြောဖို့မကြိုးစားနဲ့ အခုတော့ဒီမှာ နေလိုက်ပေါ့... နောက် တစ်ခါ ငါ့သမီးလေးကို စိတ်မကျေနပ်အောင်လုပ်ရင် ဒီထက်ဆိုးမယ်....."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now