အပိုင်း (95)
သူမပြောနေတာကို ဂရုမစိုက်တဲ့အပြင် သူမ သတိမထားမိတဲ့ အချိန်မှာပဲ နောက်တစ်ယောက်က သူမရဲ့ ဇာတ်ပိုကို ရိုက်ချလိုက်တာကြောင့် သူမ မျက်ဝန်းတွေ မှောင်အတိကျသွားပြီး လောကကြီးနဲ့ အဆက်အသွယ် ပျက်သွားတော့တယ်... သူမ သတိပြန်ရလာတဲ့ အချိန်မှာတော့ သူမမျက်နှာကို ဂုံနီအိတ်အမဲ တစ်ခုစွတ်ထားတာကြောင့် အပြင်ဘက်ကို ကောင်း ကောင်းမမြင်ရတဲ့ အပြင် သူမပါးစပ်ကို တိတ်ကပ်ထားတာကြောင့် အဖမ်းခံရတာ ရှောင်ကျန့်မဟုတ်ဘူး သူမပါလို့ သူမအသံထွက်ပြီး ပြောလို့မရပေ... သူမ လက်ကိုလည်း လက် ပြန်ကြိုးတုတ်ထားတာကြောင့် သူမ နည်းနည်းတောင် လှုပ် လို့မရပေ... ဒါအပြင် သူမကို တစ်ဖက်တစ်ချက်စီက လူနှစ်ယောက်က ကိုင်ပြီးချုပ်ထားပြီး တစ်နေရာကို ခေါ်လာတာကြောင့် သူမ ရုန်းမိတယ်.... အကြောင်းမထူးပဲ ယက်ကန် ယက်ကန်နဲ့ ရုန်းရင်းနဲ့ သူမကို ဖမ်းခေါ်လာတဲ့ သူတွေနဲ့ ပါ လာတော့တယ်.... တစ်နေရာရောက်တော့ သူမကို ခေါ်တဲ့ သူတွေက ရပ်တန့်လိုက်တာကြောင့် သူမငြိမ်ပြီး နားစွင့်နေမိတယ်... သူမအမဖြစ်သူရဲ့အသံကို ကြားလိုက်ရတာကြောင့် သူမ အမသိအောင် အချက်ပြဖို့ ကြိုးစားရင် လွတ်နိုင်သေး တာကြောင့် အားတက်သွားမိတယ်... အဖမ်းခံထားတာ ရှောင်ကျန့် မဟုတ်ဘူး သူမပါလို့ သူမကိုကယ်တင်ပေးဖို့ပြောချင်ပေမဲ့... အသံမထွက်တာကြောင့် သူမ အမသိအောင် သတိ ထားမိပအာင် ရုန်းကန်မိတယ်... သူမကို သတိထားမိအောင်လုပ်မိတယ် အနည်းဆုံးတော့ သူမ ခေါင်းစွတ်ဖြုတ်လိုက်ရင် သူမကို တွေ့သွားမယ်လို့ ထင်မိတယ်... ဒါပေမဲ့ အိတ်ကို မဖွင့်ဖို့ ပြောလိုက်တဲ့ အမရဲ့ စကားက သူမရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်သလို ခံစားရတယ်... သူမ မသေချင်သေးဘူး... သူမ တဖြေးဖြေးနဲ့ သွေး ပျက်လာမိတယ်... သူမ မလွတ်တော့ဘူးလား ပိုပြီးရုန်းမိတယ်... ဘေးက လူတွေက သူမကို လွတ်မသွားအောင် အတင်းဖမ်းချုပ်ထားပြီး ထိုင်ခုံးလက်ယမ်းနဲ့ တွဲချည်လိုက်ပြီးတော့... အမက ရှောင်ကျန့် လို့ထင်ပြီး သူမဆီကို ဆေးထိုးအပ်ကိုင်ပြီး လျှောက်လာတော့တယ်.... သူမ လှုပ်လို့ရသလောက် ရုန်းနေမိတယ်... သူမဘယ်လောက်ရုန်းပေမဲ့ ရုန်းနေတဲ့ သူမလက်ကို ဆေးထိုးအပ်နဲ့ ထိုးချလိုက်တော့တယ်... နောက်ဆုံးသူမ အ သိမဲ့သွားပြီး အမှောင်ထုထဲရောက်သွားတော့တယ်... နောက်
ဆုံးတော့ သူမရဲ့ သေဆုံးခြင်းက ဘယ်သူမှ မသိစွာနဲ့ လော ကကြီးက ထွက်သွားရပေတော့မည်....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...