အပိုင်း (39)
ကျင်းသခင်ကြီးက ရှောင်ကျန့်မားရဲ့ စကားကြောင့် သူတို့အကြောင်းတွေ သိသွားတာကို ရိပ်မိလိုက်တာကြောင့် ပြန်ပြီးဆော့ မပြောရဲအောင် ချိန်းခြောက်လိုက်တာဖြစ်သည် .....
"ရှင် ချိန်းခြောက်တာကို ကျွန်မတို့က ရုံးတိုင်လိုက်ရင် ရှင့်ရဲ့ ဖုံးကွယ်ထားတဲ့ ကိစ္စတွေ အကုန်ပေယ်လာလိမ့်မယ်နော်...."
သူမ ကျင်းသခင်ကြီးကို တစ်လုံးမကျန်ချေပနေမိတယ်.... သားလေးကို ဒီလိုအနှိပ်ခံ အနှိပ်စက်ခံ ဘဝကနေလွတ်လပ်တဲ့ ငှက်ကလေးတစ်ကောင်းအဖြစ် ပျံ့သန်းစေချင်တာကြောင့် သူမ ရဲရဲကြီးရင်ဆိုင်နိုသ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ် သည်....
"ဒီလို လွယ်လွယ်နဲ့ နင့်တို့သားအမိကို ငါကလွှတ်ပေးလိုက်မယ်လို့များ ထင်နေတာလား... မင်းတို့အခုရှိနေတဲ့ ပိုင်နက်က ငါပိုင်နက့ယ်ပဲရှိတယ်နော်.... ဒီနေရာမှာသေသွားရင် တောင် မင်းတို့သေ သွားတာကို ဘယ်သူကများ အရေးတကြီး စုံစမ်းနေမှာလဲ.... ဟားဟား..... ဟားဟား..... "
ချောက်ကပ်ကပ်အသံဖြင့် ရယ်ချလိုက်တဲ့ ကျင်းသခင်ကြီး အား.....
"ရှင့်မှာ တားပိုင်ခွင့်မရှိဘူးဘူး တကယ်လို့ တားချင်ရင်ကျွန်မလည်း ဥပဒေကြောင်းနဲ့ပဲ ဖြေရှင်းမှာပဲ..... ရှင် ချိန်းခြောက်ထားတာနဲ့ ပဲ ငြိမ်နေမယ်လို့ များထင်နေလား.....ဒီတစ်ခါတော့ ကျွန်မရဲ့ သားအတွက် အလျှော့ပေးမှာ မဟုတ်တော့ဘူး...."
သူမဘက်က ပြောလာတဲ့ စကားကြောင့် ကျင်းသခင်ကြီး မျက်နှာပျက်သွားပြီးမှ မသိသာအောင် ပြင်လိုက်ပြီး သူမတို့သားအမိကို အရင်လိုအေးအေးဆေးဆေး လွှတ်ထားလို့မရတော့ဘူး တစ်ခုခု လုပ်ရတော့မယ်လို့ တွေးနေစဥ်မှာတုန်းမှာပဲ သူ မထင်ထားတဲ့ ကိစ္စဖြစ်သွားတော့တယ်..... အဖြစ် အ ပျက်က မြန်ဆန်လွန်းနေတာကြောင့် သူလည်းရပ်ပြီးသာ ကြည့်နေမိတော့တယ်..... ဖိန်းပိက ရှောင်ကျန့်အမေနဲ့ ကျင်းသ ခင်ကြီး စကားပြောနေတာကို နားထောင်းရင်နဲ့ စားပွဲပေါ်ကတင်ထားတဲ့ ပန်းအိုးလေးကို ကိုင်လိုက်ပြီး သူမကို နောက်ကျောိပေးထားတဲ့ ရှောင်ကျန့်အမေရဲ့ ခေါင်းကို အားနဲ့....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...