အပိုင်း (80)
သူမပြောတဲ့ စကားတွေကို Wang Yiboစိတ်မဝင်စားလို့ မဖြစ်ပေ... သူမတစ်ယောက်တည်း ထောင်ထဲ မဝင်နိုင်ဘူး ပြီးတော့ သူမ ဒီလို ချမ်းသာအောင်ရင်းနှီးခဲ့ရတဲ့အခြေအနေက ဘယ်လောက်ကြီးမားလဲဘယ်သူမှ မသိကြပေ.... ပြီးတော့ သူမဒီလိုအခြေအနေမျိုးနဲ့ နေရအောင် ကြိုးစားခဲ့တာ နှစ်တွေမနည်းပေ အခုမှ သူမတစ်ယောက်တည်း ဒီလိုမျိုး ခံစားရမယ်ဆိုတော့ သူမကျေနပ်ပေ.... အထူသဖြင့်သူမတည်ဆောက်ထားတဲ့ အရာတွေပျောက်ပျက်သွားမှာမျိုးမဖြစ်ချင်ပါ..... သူမလိုချင်တဲ့အရာတွေမရခင်ကတော့ ဘာမှမဟုတ်ပေမဲ့ ပိုင်ဆိုင်လိုက်တဲ့ အချိန်မှတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်မဆုံးရှုံးရအောင်ကာကွယ်ရမည်သာ.... ဒါကသူမတစ်ယောက်တည်းရှိတဲ့ အတ္တမဟုတ်ပေ လူသားတိုင်းဒီလိုရှိကြမည်သာ....ဒါကြောင့်သူမ Yiboကို သိမ်သွင်းဖို့ကြိုးစားရမည်သာ .....
"Wang Yiboမင်း ငါပြောတာကို နားမထောင်လိုက်ရင် မင်းနောင်တရသွားမယ်နော်.... ငါကိုဖမ်းလိုက်တာနဲ့ ငါနဲ့အ တူလုပ်တဲ့ တရားခံက ပျောက်သွားမှာနော်....ပြီးတော့ မင်းအဖေလည်းအရှက်ကွဲမယ်.... သူသာအရှက်ကွဲရင် သူလိုလုပ်ငန်းရှင်တစ်ယောက်က မိန်းမကိုသတ်တဲ့ သူနဲ့ယူထားတဲ့ အရှက်မရှိတဲ့နွားလို့ လူတွေပြေကြမှာ အဲဒါဆိုရင် Wang သခင်ကြီးခံနိုင်ပါမလား.... ပြီးတော့ မင်းအမေကို လုပ်ကြံတဲ့ တရားခံ သူရောဘယ်သူလဲ မင်းမသိချင်ဘူးလား...."
သူမသွေးပျက်နေတာကို ဖုံးကွယ်ပြီးတော့ ပြောမိတာဖြစ် သည်... ပြောမဲ့သာပြောတာ သူမအတွက်အခြေအနေမကောင်းတော့တာ ရာခိုင်နှုန်းများနေတာကြောင့်လည်းဖြစ် သည်... သူမတွေးနေတုန်းမှာပဲ
"အို.... ရှင်အဖမ်းခံရမှာ စိုးလို့ တမင်ပြောနေတာမလား.... သားလေးYiboက အမေတစ်ယောက်လုံး ဆုံးရှုံးထားရတာလေ ဘယ်လိုများပြောရက်ရတာလဲ ရှင်မှာလည်း သားသမီးရှိရက်နဲ့ လုပ်ရက်လိုက်တာ.... တကယ်များမယုံနိုင်စရာပဲ လူတွေက လောဘအရမ်းကြီးလွန်းတယ်.... ချမ်းသာချင်ရင်လည်း တခြားနည်းနဲ့မကြိုးစားသင်ဘူး Wang ကတော်... အဲ...မှားလို့ အခုရှင့်ကို ဟန်ထန်းလို့ပဲခေါ်ရမှာပေါ့... အရင်က ရှင့်ကို အထင်ကြီးမိတာ အလားကားပဲ...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...