အပိုင်း (15)
မနေက ဒယ်ဒီမေးထားတဲ့ ကိစ္စမဖြေချင်တာနဲ့ Yibo မနက်ထဲက ထွက်လာပြီး သူငယ်ချင်တွေဆီမှာ အချိန်ဖြုန်းနေမိနေတာဖြစ်သည်...... သူငယ်ချင်းတွေဆီနေရာတာ ပျင်းလာတာကြောင့် တစ်ယောက်တည်း ကားမောင်းပြီး လျှောက်သွားနေမိတယ်...... ဘာအလုပ်လုပ်ရမလဲ ဒယ်ဒီကို ဘယ်လို လှည့်ပြီးပြောရင်ကောင်းမလဲ စဥ်းစားနေမိတာလဲပါတယ်..... စိတ်တွေ ရှုပ်ထွေးနေတာကြောင့် လူရှင်းလှတဲ့ လမ်းလေးမှာ ကားပတ်မောင်းနေတာဖြစ်သည်....... သူကဖိအားပေးလို့ မဖြစ်မနေ လုပ်ရတာမျိုးမကြိုက်တာလည်းပါတယ်......
"အိမ်ကိုလည်း မပြန်ချင်သေးဘူး သူကားပဲ ဆက်ပြီးမောင်းနေမိတယ်....... သေချာတာ ဒယ်ဒီကို ဒီည အဖြေပေးရမှာ သေချာတာကြောင့် သူအိမ်ပြန်ဖို့ကို မစဥ်းစားသေးတာဖြစ် သည်...... ဒီတစ်ခါ ဒယ်ဒီစကားကို သူငြင်းပယ်ခွင့် မရှိတာသေချာနေပြီ......ဟူး....."
ကားလေးကတော့ လူသူကင်ရှင်းတဲ့ နေရာလေးမှာ အရှိန်ပြင်း စွာ မောင်းနှင်းနေဆဲ......
-----------------------------------------------------------
ရှောင်ကျန့်ချသွားပြီ ဖြစ်တဲ့ ဖုန်းလေးကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေဆဲဖြစ်သည်..... ချစ်သူတစ်ယောက်လုံးကို အဆင် ပြေရဲ့လား.... နေကောင်းလားဆိုတာ တစ်ခွန်းမှမမေးပဲ သူမလိုချင်တာကို ပူဆာပြီး ဖုန်းချသွားတဲ့ ချစ်သူကိုလည်း သူအံသြမိတယ်..... သူမနဲ့ ပတ်သတ်ပြီး သူငယ်ချင်းတွေကတော့ ကလေးဆန်ပြီး ချစ်စရာကောင်းတယ် မင်းသူလိုမိန်းကလေးမျိုး ပိုင်ဆိုင်ခွင့်ရတာ အရမ်းကံကောင်းတာပဲလို့ ပြောကြပေမဲ့..... သူပိုင်ဆိုင်ရတဲ့ ချစ်သူက သူအတွက်တော့ လိုချင်တာ ပူဆာတယ် မရတော့ စိတ်ကောက်တယ်.... စားချင်တာတွေသွားချင်တာတွေ မကျွေးနိုင်ရင်လည်း စိတ်ကောက်ပြီး သူကိုပြောတာတွေရှိတယ်..... တစ်ခါတစ်လေ ကလေးဆန်တဲ့ ငယ်ကို ပြောဖူးတာက......"ငယ်ကို ပြောစရာရှိတယ် ကိုယ်က သူများအိမ်မှာ ဆင်းဆင်း ရဲရဲနဲ့ ကပ်နေရတယ်ဆိုတော့...... ငယ်ကို ကိုယ် ပျော်ရွှင်အောင် မထားနိုင်ဘူး... သူများချစ်သူတွေလိုလည်း လို ချင်တာ မဝယ်ပေးနိုင်ဘူး..... ငယ်သာကိုယ်နဲ့ ဆက်ပြီး လက် တွဲရင် ဆင်းရဲတဲ့ ဘဝမှာပဲ နေရလိမ့်မယ်.... ဒါကြောင့် ကိုယ် တို့လမ်းခွဲကြရအောင်......"
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...