နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1K 57 11
                                    

အပိုင်း (94)


မျက်နှာတစ်ခုလုံးကို မမြင်ရအောင် ခေါင်းစွတ်စွတ်ထားတဲ့ လူတစ်ယောက်ကို ဘေးနားက သန်မာတဲ့ လူနှစ်ယောက်က ထွက်မပြေးနိုင်အောင် တစ်ဖက်စီထိန်းကိုင်ထားကြတော့တယ်... သေးသွယ်တဲ့ ထိုလူကတော့ သူတို့လက်ကနေ ရုန်းလို့မရပဲ ထိုလူထွားနှစ်ယောက် ကြားထဲ ညှပ်နေတော့တယ်...
ထိုလူတွေက အဝတ်အုပ်ထားခြင်းခံရတဲ့ လူကိုထိန်းကိုင်ပြီးတော့လူသူကင်းမဲ့နေတဲ့ ဂိုထောင်တစ်ခုစီသို့ ခေါ်သွားတော့တယ်... သူတို့ဖမ်းထားတဲ့ သူကတော့ ရုန်းကန်းပြီး မလိုက်လိုကြောင်း အမူအယာပြနေပေမဲ့ သူတို့ကမတွေ့သလို့လုပ်ပြီး ခေါ်သွားတော့တယ်... ဂိုထောင်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီးတော့ သူတို့ကိုခိုင်းထားတဲ့ သူအား....

"မမလေး......ကျွန်တော်တို့ရောက်နေပြီ... မမလေးခိုင်းထားတဲ့ အတိုင်းကျွန်တော်တို့သေသေချာချာလုပ်လာပါတယ်... "

ထိုဂိုထောင်တံခါးအားထုလိုက်ကာပြောပြီး မကြာခင်မှာ ဂိုထောင်တံခါးပွင်လာပြီးတော့ မိန်းကလေးတစ်ယောက် ထွက်လာကာ.....

"နင်တို့ဟိုဘက်မှာ အဆင်ပြေရဲ့လား.... အခြေအနေဘယ်လိုလဲ.... တခြားသူတွေ သံသယဝင်သွားသေးလား.... သူကိုဖမ်းထားတာ​ကော ပြဿနာဖြစ်သေးလား..."

ထိုမိန်းကလေးက လူသန်ကြီးတွေကိုမေးလိုက်တော့တယ်...

"ဘယ်သူမှ သံသယမဝင်ပါဘူးမမလေး အခြေအနေက အ ကုန်လုံး ကောင်းပါတယ်... ပြီးတော့ ဒီကောင်လေးကို ခေါ်လာတာလဲ... ဘယ်သူမှ သိမှာမဟုတ်ဘူး.... သူကို လူရှင်းတဲ့အချိန်ခေါ်လာလို့လေ မမလေးသူမျက်နှာကို ​ကြည့်အုန်းမလား ကျွန်တော် ဖွင့်လိုက်ရမလား.... ပြီးတော့ မမလေးသူအသံကြောင့် စိတ်အနှောက်အယှက်ဖြစ်မှာ စိုးလို့ အသံမထွက်နိုင်အောင် ပါးစပ်ကို တိတ်ကပ်ထားပါတယ်..."

ထိုသူစကားကြောင့် သူမသဘောကျစွာပြုံးလိုက်ပြီးတော့...

"အို... အရမ်းတော်တာပဲ ရှင်တို့နဲ့ အလုပ်တွဲလုပ်ရတာ ကျွန်မစိတ်ချမ်းသာတယ်... အုပ်ထားတဲ့ အဝတ်ကို မဖွင့်နဲ့တော့ ကျွန်မ သူမျက်နှာကို မမြင်ချင်ဘူး... ဒါနဲ့ ငါညီမရော သူမပါလားဘူးလား...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now