အပိုင်း (69)
ကျန်းသခင်ကြီးတို့ သားအဖ ထွက်သွားမှ Yiboရှောင်ကျန့်နားကို ပြန်ပြီး လျှောက်လာလိုက်တယ်.... သူယုန်လေးဘေးနားက လွတ်တဲ့နေရာလေးမှာ တစောင်းဝင်ထိုင်လိုက်ပြီးတော့ ရှောင်ကျန့်ရဲ့ လက်ကလေးကို ဖွဖွလေးကိုင်လိုက်ပြီးတော့....
"အခုသူတို့ မရှိတော့နေရတာ အဆင်ပြေသွားပြီးမလား... နောက်တစ်ခါ သူတို့ ရှိလည်းဂရုစိုက်စရာမလိုဘူးသိလား... ရှောင်ကျန့် ခင်ဗျားဘေးမှာ ကျွန်တော်အမြဲရှိနေပြီ အားငယ်စရာမလိုဘူး သိလား...."
Yibo ရှောင်ကျန့်နေရထိုင်ရခက်နေမှန်းသိလို့ ပြောလိုက်တာဖြစ်သည်.... သူကို ကြည့်လာပြီးတော့...
"ဘာလို့ ကျန်းသခင်ကြီးတို့ကို မောင်းထုတ်လိုက်တာလဲ.... သူတို့ကမင်းရဲ့ စီးပွားရေးအရပါတနာတွေလေ မိတ်ဆွေတွေလည်းဖြစ်တယ်.... ဘာကြောင့်ငါ့အတွက်နဲ့ မင်းရဲ့ လုပ်ငန်းတွေကို ထိခိုက်ခံနေရတာလဲ ပြီးတော့ မင်းကျန်းထိုက်လျာကိုပြောတော့ သူအဖေကဒေါသထွက်မှာပေါ့... သူတို့က အတူ တူစီးပွားရေးမလုပ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ.... ငါ့ကြောင့်နဲ့... "
သူကိုဆူပုတ်ပုတ်လေးနဲ့ ထိုင်ပြီး ဆူနေတဲ့ ယုန်လေးကိုကြည့်ပြီး အသဲယားလာတာကြောင့် တစ်တွတ်တွတ်ဆူနေတဲ့ နှုတ် ခမ်းလေးကို ဆွဲငုံပြီးနမ်းလိုက်တော့တယ်... သူနမ်းတာက ရုတ်တရက်ဖြစ်တာကြောင့် ထင်မထားတဲ့အတွက် သူကို ငြင်းဆန်ဖို့မေ့နေတဲ့ ယုန်လေးပုံစံကြောင့် သူပိုပြီးတော့အခွင်အရေးရသွားကာ Yiboရှောင်ကျန့်ရဲ့ ကိုယ်လေးကို သူနားရောက်အောင် ဆွဲဖက်လိုက်မှ ရုန်းဖို့သတိရတဲ့ ယုန်ပေါက်ကြောင့် သူနှုတ်ခမ်းလေးတစ်ဖက်တွန့်ရုံပြုံးပြီးတော့ လွှတ်မပေးပဲ ကုတင်ပေါ်ကို လှဲချလိုက်တော့တယ်.... အနိုင်ကျင်နေတဲ့ သူကို ရိုက်လာတဲ့ လက်ကလေးတွေကိုချုပ်ပြီး အနမ်းကို ပိုပြီးရှည်ကြာစေလိုက်တယ်.... အဲ့ဒီအချိန်မှာပဲ အခန်းတံခါးလေးပွင့်လာပြီးတော့....
"သားရေ ဒယ်ဒီလေ.... အကုန်လုံးလုပ်လာ"
ပြောလက်စ စကားတောင်ဆက်ပြီးမပြောနိုင်ပဲ သားဖြစ်သူကို အံသြသလိုကြည့်နေမိတယ်..... သူသားက လူနာတဲ့လား ကြည့်ပါအုန်းတကယ်ကိုမလွယ်ဘူး....သူသားဖြစ်သူကို ခေါင်းတစ်ခါခါနဲ့ ကြည့်နေတော့... Yiboကတော့ ဘာမှမဖြစ်တဲ့ ပုံစံနဲ့ သူကိုကြည့်လာပြီးတော့.....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...