နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

2.4K 111 3
                                    

အပိုင်း (5)

ဒီမိန်ကလေးရဲ့ ယုံကြည်မှုရအောင် အရင်လုပ်မှဖြစ်မည်လို့ သူတွေးလိုက်မိတာကြောင့်......

"ညီမက ကျွန်တော်ကို မယုံတဲ့ပုံပဲ ဒါက ကျွန်တော်ရဲ့ လိပ်စာ Card ပါ.... ဒါကတော့ ကျောင်းတုန်းက သူငယ်ချင်းတွေအတူတူ ရိုက်ထားတဲ့ ဓာတ်ပုံပါ..... ဒီလောက်ဆိုရင် ကျွန် တော်ကို ယုံကြည်လောက်ပြီလို့ ထင်ပါတယ်..... အခုတရား ဝင် မိတ်ဆက်ပါရစေ..... ကျွန်တော်အမည်က ကျင်းခိုင်းဖုန်းပါ ရှောင်မင်းကျင်းနဲ့ သူငယ်ချင်တွေပါ..... ကွဲသွားတာ နှစ်ပေါင်းမနည်းတော့ဘူး....... အခုလည်း သူသတင်းကြားတာနဲ့ ပြေးလာခဲ့တာ ညီမရဲ့....."

သူမတို့ကို ပြောရင်းနဲ့ အကြွေးရှင်တွေဘက် လှည့်လိုက်ပြီးတော့.......

"ရှောင်သခင်ကြီးရဲ့ အကြွေးတွေကို ကျွန်တော် Checkနဲ့ ရှင်းပေးပါမယ်..... အခုတစ်ခါတည်းပေးလိုက်ပါမယ်......"

ပြောနေရင်းနဲ့ ကျန်ကျန့်လေးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ......

"သားနာမည် ဘယ်လိုခေါ်လဲ......."

အမေကိုလှမ်းကြည့်လိုက်တဲ့ ကလေးကြောင့် သူပြုံးလိုက်ပြီး.....

"ကလေးက အရမ်းလိမ်မာတာပဲနော် ညီမ..... အရမ်းချစ်စ ရာလဲကောင်းတယ်......"

သူမအားနာတဲ့ ပုံစံမျိုးနဲ့ကလေးအစား ပြောလိုက်ပြီးတော့....

"စိတ်မရှိပါနဲ့ရှင်.... သားလေးကျန်ကျန့်က လူစိမ်းတွေကို စကား မပြောဖူးလို့ပါ...... သားလေးနာမည်က ရှောင်ကျန့်လို့ ခေါ်ပါတယ်..... ညီမကတော့ ကျောက်ချင်စစ်ပါရှင့်....."

သူမ မိတ်ဆက်လိုက်တော့တယ်...... အစ်ကိုရဲ့ သူငယ်ချင်းဆိုသူကပဲ သူမတို့ ပေးစရာရှိတာကို ဆပ်ပေးနေတော့တယ်....

"ကဲ..... လိုချင်တဲ့ ငွေတွေရပြီဆိုတော့ မင်းတို့သားအမိ ငါ့တို့ဆီမှာ အလုပ်လုပ်စရာမလိုတော့ဘူး..... ဒါပေမဲ့ မနက်ဖြန် နောက်ဆုံးထားပြီး အိမ်ပေါ်ကပြောင်းပေးရမယ်..... အဝတ် အစားတစ်နိုင်မပြီးပြောင်းပေါ့.... ကဲ.... သွားခွင့်ပြုပါဦး..... ကျင်းသူဌေးရေ ကျွန်တော်တို့ကလည်းတောင်းချင်လို့တောင်းတာမဟုတ်ပါဘူး..... အခြေအနေအရမို့နားလည်ပေးပါ...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now