နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 79 1
                                    

အပိုင်း (56)

သူတို့နှစ်ယောက်လုံး ဒယ်ဒီနဲ့ ရှေ့နေကြီးရှေ့မှာလက်မှတ်ထိုးလိုက်ပြီးတဲ့ နောက်မှာတော့.....

"သားတို့ ဘယ်တော့ လက်ထပ်ပွဲ ကျင်းပမှာလဲ ဒယ်ဒီ စီစဥ်လိုက်ရတော့မလား...."

ဒယ်ဒီအမေးကြောင့် သူယုန်လေးကို လှမ်းကြည့်မိတော့ မျက် ဝန်းတွေမှာ မျက်ရည် ကြည်လေးတွေ ဝဲနေတာတွေ့ရတယ်... ကြည့်ရတာ သူရဲ့ မားကို သတိရနေတဲ့ပုံလေးပင် ဘာပဲဖြစ် ဖြစ် မင်္ဂလာဆောင်မှာတော့ မားကို ရှိချင်စေမှာပဲ သူရှောင်ကျန့်ရဲ့ ခံစားချက်ကို မြင်နေရတာကြောင့် သူဒယ်ဒီဘက်ကို အကြည့်ပြန်ပို့ပြီးတော့....

"ကျွန်တော်တို့ လက်မထပ်သေးဘူး ဒယ်ဒီ ရှောင်ကျန့် အမေပြန်နိုးလာတဲ့ထိစောင့်ချင်သေးတယ်... ကျွန်တော်ရှောင်ကျန့် ရဲ့ မားကို ခဏတော့စောင့်ကြည့်ချင်သေးတယ်.... သူမပြန်သတိရလာမှ မင်္ဂလာပွဲကို ကျင်းပချင်တယ် ဒယ်ဒီ....."

သူပြောလိုက်တော့ အံသြတဲ့ မျက်ဝန်းလေးတွေနဲ့ သူကိုကြည့်လာတဲ့ ယုန်လေးပါတည်း.... ပြီးတော့ကျေးဇူးတင်တဲ့ အကြည့်လေးကို သူတွေ့လိုက်ရတယ်... သူယုန်လေးရဲ့လက်က လေးတွေကို အားပေးသလို ကိုင်လိုက်ပြီးတော့ ထွေးဆုတ်ထားကာ ပြုံးပြလိုက်တော့တယ်.....

"သားလေးကျန့်က သူမားကို စောင့်ချင်တာဒယ်ဒီနားလည်းတယ်....  ဒါပေမဲ့ ဒယ်ဒီပြောချင်တာက သားတို့ လက်ထပ်ပွဲကို အချိန်အကြားကြီး မဆွဲထားသင့်ဘူးနော်... နောက်တစ်ခုက သားက ဘာမှစိတ်မဝင်စားလို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမဲ့ သားလေးကျန့်ကတော့ ဒီဒဏ်တွေကိုခံနိုင်မှာမဟုတ်ဘူး... သားတို့အတွက် ဒယ်ဒီပြောတာ မစာနားလို့တော့မ ဟုတ်ဘူး... သားရဲ့ အဖွား နဲ့ အဖိုးတို့ကလည်း ဒီကိစ္စကို မသိတော့ တခြားတစ်ယောက်နဲ့ မင်္ဂလာပွဲတွေ ဘာတွေ စီစဥ်လိုက်ရင် ဘယ်လိုလုပ်မလဲ.... ဒါကြောင့် သားတို့ အချိန်မဆွဲသင့်ဘူးလို့ပြောတာ.... သားလေးကျန့် အန်ကယ်ကို တစ်မျိုးမမြင်နဲ့ နော်.... အန်ကယ်က သားတို့အတွက် လိုအပ်လို့ပြောနေတာပါ...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now