နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.7K 97 7
                                    

အပိုင်း (7)

ဒီမိန်ကလေးကိုကြည့်ပြီ အမချင်ကတော့ သနားနေမိတယ်... သူဌေးကတော်က တမင်ကို အပြစ်ရှာမှန်းသိသာနေတာဖြစ် သည်..... အရင်ကအဝတ်တွေကို အဝတ်လျှော်စက်နဲ့ လျှော် တာကို အခုမှ ဒီမိန်းကလေးရောက်လာမှ လက်နဲ့လျှော်တဲ့ သူ ဌေးမတို့သားအမိတင် တစ်နေကို အဝတ်ကို ဆယ်စုံလောက်စီ လဲနေတာကို လက်နဲ့ လျှောက်ရမယ်ဆိုရင် အများကြီး ဖြစ်လိမ့်မယ်.... ကြည့်ရတာ ဒီသားအမိနှစ်ယောက်ရဲ့ ကံကိုကဆိုး ဝါးလွန်းလှတယ်.... ဒီအိမ်မှာ ကံဆိုးစွာနဲ့ အလုပ်သမားလာဖြစ်ရတယ်လို့..... သူမကတော့ သနားရုံမှလွှဲလို့ ဘာမှမလုပ်ပေးနိုင်ပေ..... ကိုယ်တွေကလည်း အလုပ်သမားဖြစ်နေတော့လည်း စာနာပေးရုံသာ တက်နိုင်တာကြောင့်....

"ညီမစစ် အရမ်းနာသွားလာဟင်.... သိပ်ပြီး မယောင်အောင် ရေခဲလေးကပ်လိုက်နော် အမလုပ်ပေးမယ်......"

သူမကြောင့် အမကြီး အလုပ်ဖြုတ်ခံရမယ့် အဖြစ်မျိုးကို မဖြစ်စေချင် တာကြောင့်.....

"ရပါတယ်အမချင် ကျွန်မကို လျှော်ရမယ့်အဝတ်တွေပေးပါ
အခုသွားလျှော်လိုက်ပါမယ်.....မဟုတ်ရင် အမချင်ပါ ကျွန်မကြောင့် အပြစ်ခံနေပါမယ်.... အမပါ ကျွန်မကြောင့် ဆူခံထိသွားတာကို တောင်ပန်းပါတယ်ရှင့်..... တစ်ခုလောက်တော့ ကူညီပေးပါနော် သားလေးရှေ့မှာ ကျွန်မ ရိုက်ခံထိတာမပြောပါနဲ့နော် သားလေးကြားရင် စိတ်မကောင်းဖြစ်နေမှာ စိုးလို့ပါအမရယ်....."

မိန်ကလေးပြောတဲ့ စကားက အားလုံး အမှန်နေတာကြောင့် ဘာဆက်ပြောရမလဲတောင် မသိတော့ပေ.......

"တောင်ပန်းပါတယ်.... မကူညီနိုင်တာကြောင့် အမလည်း စိတ်မကောင်းပါဘူး ညီမရယ်....."

စိတ်သဘောထားပြည့်စွာနဲ့ သူမတို့အပြစ်ပြောခံရမှာစိုးလို့ ပြောတဲ့ စကားက ကြားရတာ ရင်ထဲကို ဆို့သွားတာကြောင့်

အားယူပြီးသာ ပြောလိုက်မိတော့တယ်.......
-----------------------------------------------------------
သစ်ပင်တွေနဲ့ လှပနေတဲ့ကျင်းအိမ်တော်ရဲ့ ခြံထဲရှိ သစ်ပင်တစ်ပင်ရဲ့ အောက်မှာ ရပ်နေတဲ့ ကျင်းအိမ်တော်ရဲ့ မင်းသမီးလေးလို့ခေါ်တဲ့ ကောင်မလေးကမတ်တပ်ရပ်လျက်ရှိနေတာကြောင့် ကျန်ကျန့် ခြေလှမ်းမြန်မြန်လျှောက်သွားမိတယ်...... အရမ်ကြာနေရင် အောင်ခံရမှာစိုးလို့ ဖြစ်သည်...... သူဆူခံရရင် မားက စိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်မိတယ်...... သူကြောင့်မားကို ထပ်ပြီး စိတ်မညစ်စေချင်တော့ပါ..... ကျင်းသခင်မလေး ရှေ့ရောက်တော့.....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now