နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1K 74 6
                                    

အပိုင်း (78)

ရှောင်ကျန့်ကတော့ သူအမေလို့ ပြောပြီး သူအစားပိုင်းစိုးပိုင်းနင်းနဲ့ ကတိပေးနေတဲ့ မိန်းမကြီးကြောင့် ရှောင်ကျန့်နည်းနည်းတော့စိတ်ပျက်မိတယ်... သူဘာသာတစ်ယောက်တည်းနေနေတာကို လာပြီး ချုပ်ချယ်ဖို့ကြိုးစားနေတဲ့ပုံစံမျိုးဖြစ်နေတတော့ သူ့မကြိုက်ပေ... သူရဲ့ မွေးစား အမေကတောင် သူကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပေးထားတာဖြစ်သည်... ဒီမိန်းမလိုမျိုး သူစိတ်ညစ်အောင်လည်း မားက အတင်းအကြပ် လုပ်ခဲ့တာဘာမှမရှိဘူး.... မားသာသူအနားမှာရှိရင် အမြဲပျော်ရွှင်နေမိမှာဖြစ်တယ်... ဒီအမေဆိုတဲ့ မိန်းမကြီးကိုတော့ ရှောင်ကျန့် စတွေ့ကတည်းက အခုထိမကြိုက်တာဖြစ်သည်... သူမကို အမေတစ်ယောက်လို့လည်း မမြင်ပေ.... သူမပြောတာတွေက အလိမ်အညာတွေလို့သာ ရှောင်ကျန့်တွေးမိတယ်.... တကယ်လို့ မိဘအရင်းဖြစ်ခဲ့ရင်တောင် မားကို ထားခဲ့ပြီး သူမသွားနိုင်ပေ အထူးသဖြင့် မားအိပ်ယာထဲလဲနေတဲ့ အချိန်ဖြစ်နေတာကြောင့် ဖြစ်သည်..... မားကသူကို အရမ်းချစ်သလို သူကလည်း မားကိုချစ်တယ်... ပြီးတော့ သူ မားလို့ပြောတဲ့ မိန်းမကြီး ပုံစံရော သူမနဲ့ အဖော်လိုက်လာတဲ့သူတွေရော ရှောင်ကျန့်မကြိုက်ပေ......

"ဒီမှာ အန်တီ ကျွန်တော်အစားကတိတွေ ပေးနေတာက အ ရမ်းကြီး မလွန်လွန်းဘူးလား.... ကျွန်တော်တကယ်လုပ်ချင်တဲ့ စိတ်ရှိရဲ့လားလို့မေးဘူးလား.... အခုမှ အမေဆိုပြီးတော့ ပေါ်လာပြီးတော့ ကျွန်တော်ကို ချုပ်ချယ်ဖို့ကြိုးစားနေတာလား.... ကျွန်တော် ဘဝထဲဝင်လာဖို့မကြိုးစားပါနဲ့ အန်တီ... ကျွန်တော်ကို ဒီအရွယ်ထိစောင့်ရှောက်လာတဲ့ မားကသာ ကျွန်တော်အမေပဲ..."

ရှောင်ကျန့်စကားကြောင့် သူမတို့ဒေါသထွက်သွားပေမဲ့ အခုက သူမတို့သွားပြီးတော့ အတင်းလုပ်လို့မရသေးပေ... လူတွေရှိနေတာကြောင့် သူမတို့ကို သံသယဝင်သွားနိုင်တယ်.... သူမဒေါသကို ပြန်ထိမ်းလိုက်ပြီးတော့ မျက်နှာကလည်း စိတ်မကောင်းတဲ့ ပုံစံဖြင့်....

"သားရယ် အရင်က ဟုတ်ရင်ဟုတ်လိမ့်မယ်.... ဒါပေမဲ့ အခုကစပြီးတော့ မင်းက ငါ့သားဖြစ်နေတာကြောင့်ပဲ သားကို မေမေတို့ပြန်ပြီး ခေါ်ပိုင်ခွင့်ရှိတယ် မားကို ရင်ကွဲအောင်မလုပ်ပါနဲ့ သားသာ လက်မခံရင် မားရင်ကွဲရမှာလေ ...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now