အပိုင်း (54)
သူမ စကားပြောလိုက်တာက သာမန်ထက် ကျယ်လောင်သွားတာကြောင့် တခြားသူတွေမကြားအောင် သူမရဲ့အသံကိုပြန်ပြီး ထိန်းလိုက်ပြီးမှ ဘေးပတ်ဝန်းကျင်ကိုအကဲခတ်လိုက်မိတယ်..... ဒီနားမှာ ဘယ်သူမှမရှိတာ ကြိမ်သေတော့မှ သူမတစ်ဖက်ကို စကားဆက်ပြီးပြောလိုက်မိတာက....
"ရှင်....ဘာရည်ရွယ်ချက်နဲ့ ကျွန်မဆီကို ဖုန်းဆက်တာလဲ ရှင်နဲ့ ကျွန်မက အရင်ထဲက ဘာပတ်သတ်မှုမှမရှိတော့ဘူးလေ... အရမ်းလွန်လွန်းသွားပြီးလို့ များမတွေးမိဘူးလား... အခု ဘာကိစ္စနဲ့ ဆက်တာလဲ.... ကျွန်မဘဝနဲ့ ကျွန်မတည်ငြိမ်နေတာကို လာပြီး မနှောက်ယှက်ပါနဲ့.... ဘာလို့ ဖုန်းဆက်နေတာလဲ ဒီအိမ်က လူတွေ မရှိတုန်းမြန်မြန်ပြောစမ်းပါ.... အချိန်ဆွဲမနေနဲ့ရှင့်...."
သူမပြောတာကို တစ်ဖက်ကလူက သဘောကျသလို ရယ်နေလိုက်ပြီးတော့မှ...
"အဟက်....ဟားဟား....ပြောမှာပါ မတွေတာကြာတဲ့ အချစ်ဦးကို နည်းနည်းလောက် လွမ်းပြတာပဲကို ဘာလို့ အပြစ်တင်နေရတာလဲကွာ.... မင်းက ပြတ်သားနိုင်သလောက်ကိုယ် မင်းကို ချစ်နေသေးတယ်ဆိုတာ မင်းသိရဲ့လား....."
တစ်ဖက်က ရယ်သံသဲသဲနဲ့ ရီသဲသဲလုပ့်နေတာကြောင့် ဒေါသတွေထွက်လာပြီး ဖုန်းကိုချဖို့လုပ်လိုက်တော့....
"ဟိတ်... ခနနေဦး ဖုန်းချလိုက်ရင်ကိုယ်မင်းအိမ်အထိလိုက်လာမှာနော်... အဲဲဒီကျရင် မင်းရဲ့ မင်းသမီးလို လှတဲ့ မျက် နှာဖုံးကွာကျသွားလိမ့်မယ်နော်.... မင်းရဲ့ အကြောင်းတွေသိသွားရင် မင်းယောင်္ကျားက လက်ခံနိုင်သေမယ်ထင်နေလား... ငါအခုဆက်တာက မင်းအတွက်ရော ငါအတွက်ပါ အကျိုးရှိစေမဲ့ ကိစ္စကိုပြောချင်လို့ ဆက်လိုက်တာ.... အခုကိစ္စက မင်း ရဲ့ သမီးအတွက် အရမ်းအရေးကြီးတဲ့ ကိစ္စလေ... မင်းဘာမှမသိလိုက်ပဲနေလိုက်လိမ့်မယ်နော်.... အခုပြောမှာက မင်း သ မီးနဲ့ စေ့စပ်ထားတဲ့ ကောင်လေးကဘယ်သူဆိုလား...သြော်... Wang Yiboဆိုတာလား ဘာလားပဲ.... အေး.... သူအ ကြောင်းပြောမလို့ပဲ သူက ငါအသုံးချဖို့ခေါ်ထားတဲ့ Xiao သခင်ကြီးရဲ့ သားအရင်း ရှောင်ကျန့်ကို အဲ့ဒီ Yibo ဆိုတဲ့ ကောင်လေး ခေါ်သွားတယ်... ဒါကြောင့် မင်းလုပ်ရမှာက ရှောင်ကျန့်ကို Wang အိမ်တော်ကနေ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရှင်းထုတ်ရမယ်.... မင်းနဲ့ ငါက သွားမဲ့ခရီးချင်တူနေတော့ ပူးပေါင်းလို့ရတယ်... ရှောင်ကျန့်ကို Wang အိမ်တော်ကနေ ထွက်အောင်လုပ်နိုင်မှ ဖြစ်မယ်နော်.... မဟုတ်ရင် ငါတို့ရဲ့ အတိတ်တွေ မီးခိုးကြွက်လျှောက်ပေါ်လာလိမ့်မယ်.... အဲ့ဒီကျရင် မင်းလုပ်ထားတဲ့ ကိစ္စတွေပါပေါ်လာလိမ့်မယ်နော်.... ငါရဲ့ ကမ်းလှမ်းချက်ကို မင်းစိတ်ဝင်စားရဲ့လား.... မင်းမပါရင်တော့ ငါတစ်ယေက်တည်း လှုပ်ရှား..."
![](https://img.wattpad.com/cover/263237384-288-k442136.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...