အပိုင်း (14)
လမ်းပေါ်မှာ လမ်းလျှောက်ရင်းနဲ့ ကျန်ကျန့်တစ်ယောက် မျက် တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်နေပေမဲ့.... ဝမ်းနည်းရှိန်ကြောင်မျက်ရည်ကျလာတယ်.... ယောင်္ကျားလေးပေမဲ့ မတရားခံလာရတော့ ငိုချင်တယ်.... မားရှေ့မှာပြန်ပြီး ရင်ဖွင့်တော့လည်း မားကို စိတ်မကောင်းဖြစ်အောင်လုပ်မိရုံပဲရှိသည်.... သူရင်ဖွင့်ရအောင် ခင်မင်တဲ့ သူငယ်ချင်းမရှိတာကြောင့် ရှောင်ကျန့် နာကျင်နေတာကို လူသူကင်းရှင်းတဲ့နေရာလေးမှာ ငိုနေမိတယ်..... အချိန်ကြာကြာလေးငိုလိုက်တော့ ရင်ထဲမှာ နည်းနည်းသက်သာရုံပဲရှိသေးတယ်.... တတီတီ.... မြည်းလာတဲ့ ဖုန်းသံကြောင့် စိတ်ညစ်သွားမိတယ်..... ဖုန်းကိုင်ဖို့တောင် စိတ်မဝင်စားပဲ တွေးတွေးလေးငေးနေပြီးတော့မှ ဒုတိယအကြိမ်းတုန်ခါလာတာကြောင့် ဖုန်းလေးက မကိုင်မချင်းခေါ်နေတော့မယ်မှန်း သိနေတာကြောင့်.....
"ဟင့်......"
ဖုန်းလေးကို ကြည့်ပြီး သက်ပျင်းချလိုက်ပြီးတော့မှ.....
"ဟယ်လို ငယ်ပြောလေ ဘာများအရေးကြီး လို့ ဖုန်းဆက်တာလဲ......"
ရှောင်ကျန့် စိတ်ညစ်ညစ်ဖြင့် ဖုန်းလေးကို ကိုင်ပြီး ဖြေလိုက်တယ်...... တစ်ဖက်က ဖုန်းကိုင်တာကြာနေတော့ စိတ်မရှည်တဲ့ အသံလေးနဲ့ ပြောလာတာက......
"ကိုယ့် အသံက ဘယ်လိုဖြစ်နေတာလဲ..... ကိုယ်ချစ်သူဖုန်းဆက်တာကို တက်တက်ကြွကြွ ဖုန်းကိုင်ပြီး ပျော်နေရမယ်ဟာကို အခုတော့ ငယ်ကို စကားတောင်မပြောချင်တဲ့ ပုံစံမျိုးနဲ့
ဟင့်ဟင့်....."တမင်ငိုပြလိုက်တော့တယ်..... သူမကို ခွာထုပ်ဖို့ကြိုးစားပြီးတော့ အမေအတွက်ပဲ ရှာနေတယ်..... သူမမှာ ရည်စားကို ပူဆာချင်တာတောင် လိုက်ကြည့်နေရတယ်......
" ဘာလဲ ကြာသွားတော့ ရိုးသွားလို့ ငယ်ကို ပြစ်ချင်တာလား မရဘူးနော်.... ငယ်အကြောင်းသိတယ်နော် ကိုယ့်နဲ့ တွဲလာတာ ကျောင်းမပြီးခင်ထဲကနော်..... ဖြတ်ဖို့လုပ်ရင် ငယ်ကို အရှက်ခွဲတာနဲ့ အတူတူပဲနော်........ မိဘတွေကလည်း ဘယ် တော့ လက်ထပ်မှာလဲ မေးနေကြပြီကိုယ်.... အမျိုးတွေကလည်း မိန်းကလေးဆိုတာလက်ထပ်မယ်ဆိုရင် တိုက်တစ်လုံး ကားတစ်စီးနဲ့ လက်ဝတ်ရတနာတစ်ဆင်စာလောက်နဲ့ တင်တောင်းနိုင်မှ လက်ထပ်သင့်တယ်လို့ ပြောနေကြတယ်ကိုယ်... မိဘတွေကလည်းအဲ့ဒီသဘောပဲ ဖြစ်နေကြတယ်သိလား.... ငယ်ပြောတာ နားထောင်နေရဲ့လားရှင့်.....စကား ပြန်ပြောနော်.... ငယ်ပြောတာကို ငြိမ်ပြီး နားထောင်နေတဲ့ ကိစ္စကို ရှင်းစမ်းပါဦးကိုယ်......"
![](https://img.wattpad.com/cover/263237384-288-k442136.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...