နှလုံးသွေးဖြင့် ထုဆစ်သော ​ချစ်ခြင်း(U+Z)

1.8K 101 4
                                    

အပိုင်း (9)

အရမ်း ကြောက်လန့်နေတဲ့ သားလေးကို ချော့ပြီး သူမ သိပ်လိုက်တယ်...... တနေကုန် ပင်ပန်းနေလို့ထင် နည်းနည်းလေးကြာတော့အိပ်ပျော်သွားတော့တယ်... သူမ သားလေးအိပ်သွားတော့ ဖွဖွလေး မနိုးအောင် ထဖို့လုပ်တော့ လက်သေးသေးလေးတွေနဲ့ သူမရဲ့ အင်္ကျီစလေးကို ဆွဲထားတာ​ကြောင့် ကလေးမနိုးအောင် လက်ကလေးတွေကိုသာသာလေး ဖြည်ပေးလိုက်ရင်းနဲ့ အမှတ်မထင်သားလေးရဲ့ လက်ကလေးတွေ ကိုအကြည့်ရောက်သွားမိတယ်........ လက်ကလေးတွေက တစ်ခုခုနဲ့ ခြစ်မိထားတဲ့ ပုံစံ နီရဲနေလျက်ရှိတာကြောင့်....

"ဟင့်..... ဒဏ်ရာတွေပါလား.... "

ခြစ်မိထားတယ်ထင်ပေမိပြီး ဆေးလိမ်းပေးရင်းနဲ့ အမှတ်မထင် ခြေထောက်လေးပေါ်ကို မျက်လုံးရောက်သွားတော့.... ဒဏ်ရာလေးတွေကို တွေ့တာကြောင့် သူမကြည့်ပြီး မျက်ရည် ကျမိတယ်.... ကြည့်ရတာ ကျင်းသခင်ကြီးက သူမကိုလိမ်ပြီး သားလေးကို နှိပ်စက်ထားတဲ့ ပုံပင် ဒါပေမဲ့ သူမတို့မှာ သတ်သေမရှိပေ..... ဆင်းရဲတဲ့ ဘဝမှာ လူဖြစ်တာကိုက ကံဆိုးတာလားမိုးနတ်မင်းကြီးရယ်...... ဒီကလေးက ဘာများ အ ပြစ်များ လုပ်ခဲ့လို့ ဒီလောက် နာကျင်မှုတွေ ခံစားနေရတာလဲရှင့်......ဒါပေမဲ့ သူမသားလေးအတွက် ရွေးချယ်လိုက်တဲ့ လမ်းမှားသွားပြီး နောက်ပြန်လှည့်ဖို့က မဖြစ်နိုင်တော့ပေ.....

"မားကို ခွင့်လွှတ်ပါ ကလေးရယ်..... မားအသုံးမကျလို့ သားလေးဒဏ်ရာတွေရတာပါ.....သားလေးကျန့်ရယ် မားတောင်ပန်းပါတယ်......"

အိပ်ပျော်နေတဲ့သားငယ်လေးကို ကြည့်ပြီး မျက်ရည်တွေကတော့ ကျနေဆဲ...... အရင်က ပွန်းပဲရာမပြောနဲ့ ခြစ်ရာလေးတောင်မရှိတဲ့ ကလေးက ဒီနေ့တစ်နေတင် ဒဏ်ရာတွေ အများကြီးရခဲ့ပြီး သားလေးကိုကြည့်ပြီး သူမရင်နစ်နေအောင်နာကျင်ခံစားရတာ မပြောပြနိုင်အောင်ပေ......

"သားလေး မားအကြွေးတွေ အမြန်ကြေအောင် မားအလုပ်ကြိုးစားပြီး ဆပ်ပေးမယ်..... ပြီးရင် မားတို့ သားအမိနှစ်ယောက်တည်း အပြင်မှာ ပျော်ပျော်ကြီး နေကြမယ်လို့ မားကတိပေးပါတယ်ကလေးရယ်......"

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now