အပိုင်း (30)
ညပိုင်းလောက်ကျတော့ သူတို့ တည်းခိုးမဲ့ ဟိုတယ်ကို ကားလေး ဆိုက်ရောက်သွားခဲ့တယ်.....ခရီးတစ်လျှောက်လုံး ကားစီးလာကြတော့.... ပင်ပန်းနေကြပြီး ကားပေါ်ကနေအသီး သီးဆင်းသွားတော့တယ်..... ကားပေါ်မှာ ကျန်ခဲ့တဲ့သူဆိုလို့လေးယောက်သာကျန်တော့တယ်..... ကျန်းထိုက်လျာက Yiboတို့ ထိုင်ခုံဆီသို့ လျှောက်သွားပြီးတော့.....
"Wang သခင်လေး သူကို နှိုးလိုက်ပါလား..... တစ်လမ်းလုံးလည်း အိပ်နေတာ ဒီလောက်ဆို ထသင့်ပြီးပေါ့.... ဘယ်အချိန်ထဲက အိပ်ရေးပျက်နေလို့ ဒီလောက်တောင် အိပ်နေရတာလဲ...... တမင်များ အိပ်ချင်ယောင်ဆောင်နေတာများလားမသိဘူး...... "
သူမ Wangသခင်လေးကို ပြောလိုက်ပြီး စိတ်ထဲမှာတော့ ရှောင်ကျန့်ကို တော်တော်ဒေါသထွက်နေပေပြီ...... မူယမူယာမာယာတော်တော်များတဲ့ ကောင်စုတ် အိပ်ချင်ယောင်ဆောင်နေတာဖြစ်မယ်..... စိတ်ထဲမှာရှိတဲ့ အတိုင်းဆိုရင်တော့ ရိုက်ထည့်လိုက်မှာ ဒါပေမဲ့ မဖြစ်သေးဘူး.... သူမကို လူတွေက စိတ်ထားလှတဲ့ မိန်းကလေးလို့ကြတာလေ အထူးသဖြင့် Yiboရှေ့မှာ သူမရဲ့ သိက္ခာကိုထိန်းပြီး ဖြူစင်တဲ့ပုံစံမျိုးဖြစ်နေရမယ်...... သူမ စိတ်ကို အတက်နိုင်ဆုံးလျော့ပြီးတော့ ရှောင်ကျန့်ကို လက်နဲ့ပုတ်ပြီး နှိုးမလိုလက်ရွယ်လိုက်တဲ့ အချိန်မှာပဲ သူမရဲ့လက်ကို ရှောင်ကျန့်နဲ့ မထိခင် Yiboက ပုတ်ထုတ်လိုကတော့တယ်..... နာသွားတဲ့ လက်ကို ကိုင်ပြီး ဒေါသကထွက် သူမရဲ့ ဖြူစင်တဲ့ပုံပျောက်မှာကဆိုးရသေးနဲ့ သူအဖြစ်က ကြိတ်မနိုင်ခဲမရဖြစ်နေတော့တယ်......
"သူနေမကောင်းလို့ဆေးတိုက်ပြီး အခုနလေးကပဲ အိပ်ပျော်သွားတာ မနှိုးနဲ့တော့ နေမကောင်းလို့အိပ်နေတာ...ဆေးတိုက် ထားတော့ နိုးလာရင်ခြေတွေလက်တွေ တုန်နေလိမ့်မယ်...... ခရီးကလည်း ပင်ပန်းနေတော့ အိပ်ပါစေ..."
သူတို့နားကို ကျူးသခင်လေးကပါရောက်လာတာကြောင့်.....
"မင်းတို့နှစ်ယောက်ဆင်းပြီး ဟိုတယ်အခန်းသော့တွေကြိုယူ ထားလိုက် ငါ့ရှောင်ကျန့်ကိုခေါ်ပြီး ဆင်းလာခဲ့မယ်...."
![](https://img.wattpad.com/cover/263237384-288-k442136.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...