နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.3K 96 6
                                    

အပိုင်း (49)

သူပြောတဲ့ စကားတွေကြားတော့ ငိုနေတာတောင် မေ့ပြီး သူကို မျက်လုံးပြူးပြီး အံသြသလိုလေး ကြည့်လာတဲ့ ကလေးဆိုးကြီးကို ကြည့်ပြီး သူရယ်ချင်ပေမဲ့...သူလူကြမ်းရုပ်ပေါက် အောင် ဆက်လုပ်ရမည်လေ ဒီယုန်လူကြီးလေးက ဘယ်လိုပြောရမလဲတွေးနေတာ သူသာပြုံးလိုက်ကြည့်လေ ချက်ချင်း သူကို မားနဲ့တွေ့ချင်တယ်လို့ တောင်းဆိုလာလိမ့်မယ်.... မတောင်းဆိုရဲပဲ သူကို ကြောက်နေအောင် နည်းနည်းတော့ခြောက် ထားရမယ်... သူ ခပ်တည်တည်နဲ့ ယုန်လေးကို ကြည့်လိုက်တယ်... ဘာပြောချင်လဲဆိုတဲ့ ပုံစံနဲ့ ခပ်မိုက်မိုက်လေးနဲ့ တနည်းအားဖြင့် လူမိုက်အကြည့်နဲ့ပေါ့.... သူအကြည့်ကြောင့် မရဲတရဲလေးဖြင့် ခေါင်းငုံပြီး သူကို အကြည့်လွှဲပြီးတော့....

"မဖြစ်ဘူးထင်တယ်... Yibo....တခြားနည်းလမ်းမရှိဘူးလားဟင်.... ကျန်ကျန့်ကို ကူညီတဲ့ အနေနဲ့ နည်းနည်းလောက် လျော့ပေးလို့မရဘူးလားဟင်.... မားဆေးဖိုးကို အပြင်မှာ အလုပ်လုပ်ပြီး...."

သူစကားမဆုံးအောင်ပြောခွင့်မပေးပဲ Yiboက.....

"ဒါဆိုရင် မားကို မတွေ့ချင်တော့ဘူးပေါ့.... ကိုယ်က အလုပ်လုပ်တဲ့နေရာမှာ အလျော့အတင်းဆိုတာ မရှိဘူး.... သနားလို့ လိုက်လျော်ပေးတာလည်း မရှိဘူးရှောင်ကျန့်.... အေးလေး မင်းအမေမှ မဟုတ်တာ ဘယ်ကြည့်ချင်တော့မှာလဲ..... မားက အရမ်းသနားဖို့ကောင်းတာ သူအခု ဆေးရုံကုတင်ပေါ်မှာ တစ်ယောက်တည်း ဘယ်လောက်အထီးကျန်နေပါမလဲ.... သူရဲ့ နောက်ဆုံးချိန်မှာတောင် သူအချစ်ဆုံးသားလေးက...."

"ဟင့်အင်း......မပြောပါနဲ့ ကျန်ကျန့် ဒီလိုသဘောမျိုး မရှိပါဘူး.... ဘယ်လိုပဲဖြစ်ဖြစ် ဘယတွေပဲပြောင်းလဲနေပါစေ မား က ကျွန်တော်ရဲ့ မားပါပဲ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး... ကျန်ကျန့် လက်ခံပါမယ် Yiboပြောသမျှလက်ခံပါမယ်.... မင်းဖြစ်ချင်တာတွေလုပ်ပေးမှာကြောင့် ငါ့ကိုမားနဲ့ မတွေ့ခိုင်းပဲမနေပါနဲ့နော်.... အခု မားအခြေအနေ ဘယ်လိုနေသေးလဲဟင့်.... ကျန်ကျန့်ကို ဒါလေးတော့ပြောပြပါနော်....ဒီတစ်ခုထဲပဲ တောင်းဆိုတာပါနော်..."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now