နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.4K 85 4
                                    

အပိုင်း (32)

မနက်ခင်း နေခြည်နုနုလေးက အခန်းပြတင်းပေါက်လေးကို ဖြတ်ပြီး ကုတင်ပေါ်ကို ဖျာကျနေလျက်ရှိတယ်..... နေရောင်ကြောင့် ကုတင်ပေါ်က ချစ်စရာကောင်းလေးလှုပ်လာတယ်... နိုးလာပေမဲ့ အိပ်ရေမဝသေးတဲ့ပုံဖြင့် မျက်လုံးမဖွင့်ရသေးပဲ အကြောဆန့်တာ ဖြစ်ပေမဲ့..... သူ တကိုယ်လုံးလှုပ်လို့မရ အောင် ချုပ်ထားသလို တင်းတင်းကြပ်ကြပ်ဖြစ်နေတာကြောင့် မျက်လုံလေးဖွင့်ကြည့်လိုက်တော့....

"ဟင်....  Yibo....."

သူနှုတ်ကအသံထွက်သွားမိပြီးမှ မကြားအောင်လက်ဖြင့် အမြန်ပြန်ပိတ်လိုက်ရတယ်.... သူအဖြစ်ကတော့ အခုသူအိပ်နေတာ Yiboရဲ့ ရင်ခွင်ထဲမှာရောက်နေတာပါ သူကိုယ်လေးကို ဖက်ထားပေးခြင်းဖြစ်သည်..... ကြည့်ရတာ မနေ့ညကသူ Yiboရဲ့ ရင်ခွင်ထဲ တိုးဝင်ပြီး အိပ်ပျော်နေတာ ဖြစ်လိမ့်မယ်.....

"ရှောင်ကျန့်ရာ တကယ်ရှက်ဖို့ကောင်းလိုက်တာ ပြီးတော့ အားနာစရာကြီး ဘယ်လိုမျက်နှာနဲ့တောင် နေရမလဲမသိဘူး Yiboများ ငါကို ဘယ်လိုမျိုး ထင်သွားပြီးလားမသိဘူး... "

ပြီးတော့ ရှောင်ကျန့်တို့ အခုဖြစ်နေတဲ့ အခြေအနေက Yibo ရဲ့ မျက်နှာနဲ့ သူမျက်နှာက တစ်ယောက်နဲ့ တစ်ယောက်နီးကပ်​​ဖြစ်နေတာကြောင့် အသက်ရှုသံလေးကိုတောင် ခံစားနေရတယ်....

"ဟူး.... တော်သေးတယ်  Yiboအရင်မနိုးကဲ ငါအရင်နိုးသွားတာ ကံကောင်းလိုက်တာ မဟုတ်ရင် တစ်မျိုး ထင်သွားနိုင်တယ်..... "

သူဘာသာ ရေရွတ်ရင်းနဲ့ ဖက်ထားတဲ့ Yiboရဲ့ လက်တွေကို မနိုးအောင် ကြိုးစားပြီး ဖယ်နေမိတယ်..... စောင်ထဲရောက်နေတာကြောင့် တော်ရုန်းနဲ့ ဖယ်လို့မရပေ.... ဖြေးဖြေးလည်း လုပ်ရသေးတယ် Yiboနိူးသွားရင် သူရှက်လို့သေမှာ...... ရှောင်ကျန့်ဖြစ်နေတာကို ပြုံးယောင်သန်းနေတဲ့ မျက်နှာနဲ့ ခိုးကြည့်နေတဲ့ Yiboကိုတော့ ယုန်လေး သတိမထားမိပေ.....  မနက်ခင်းအိပ်ရာထတာကအစ ဆံပင်လေးတွေက ပွနေပြီး သူမသိအောင် ခိုးလုပ်နေတာက အရမ်းချစ်ဖို့ကောင်းနေမိတယ်..... မင်းနားမှာ အနေကြာလာတော့ကိုယ် မင်းကို ပိုပြီးမြတ်နိုးမိလာတယ်ကွာ ဒီစကားလေးကိုတော့ ရင်ထဲမှာ ပြောမိတာပါ... မှန်တော့ Yiboက ရှောင်ကျန့် မနိုးခင်ကတည်း က သူနိုးနေတာဖြစ်သည်... တမင်မထ​သေးဘဲ အိပ်ရာထဲက ချစ်စရာကောင်းစွာနဲ့ အိပ်ပျော်နေတဲ့ ယုန်လေးကို သူရင်ခွင်ထဲ ကြာကြာထားချင်လို့ဖြစ်သည်....  ပြီးတော့ အိပ်ရာကနိုးလာတဲ့ ယုန်လေး ဘာလုပ်မလဲ သိချင်မိတယ်.... အခုလည်း ဘယ်လို​လေးမှန်းကို မသိဘူး သူမျက်လုံးထဲမှာတော့ အရမ်းချစ်ဖို့ကောင်းနေတာပဲသိတယ်..... ကိုယ်လေ မင်းရဲ့ မားသာမရှိရင် တစ်ခါတည်းခေါ်ပြီးတော့ အပိုင်သိမ်းထားလိုက်မှာ ပြန်ကိုမလွှတ်ချင်တော့ဘူး...... သူမနိုးအောင် ထဖို့ကြိုးစားနေတဲ့ ယုန်လေးကို စရတာသနားလာလို့ သူမသိမသာလေး လွှတ်ပေးလိုက်တယ်..... အဲဲဒီတော့မှ ထလို့ရတဲ့ ကောင်လေးက သူကိုကျော်ပြီး သူ​ဘေးစာပွဲပေါ်ကတစ်ခုခုကို လှမ်းယူနေတာ သိတာကြောင့်လွယ်လွယ်ယူလို့ရအောင် သူနေရာလေးနည်းနည်းနေရာရွေ့ပေးလိုက်တာကို သူနိုးလာပြီးလို့ထင်ပြီး လန့်သွားတာကြောင့် ယုန်လေးဟန်ချက်ပျက်သွားပြီး သူပေါ်ကို ပြုတ်ကျသွားတော့တယ်.....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now