အပိုင်း (91)
ကျန်းထိုက်လျာက သူမတစ်ယောက်တည်းရှိတယ်အထင်နဲ့ စကားတွေကို အခန်းထဲမှာ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်ပြောနေတုန်းမှာပဲ...."မမဘယ်လိုပြောလိုက်တာလည်း ဘာအဓိပ္ပါယ်လဲဟင်... ပြီးတော့ ညီမလေးနဲ့ မမကလည်း ဒယ်ဒီရဲ့ သမီးအရင်းမဟုတ်ဘူးဆိုတာကရော ဘာအဓိပ္ပါယ်လဲ... ဘာတွေပြောနေရတာလဲ... ညီမလေးကို နားလည်းအောင်ပြောပြပေးပါနော်... ပြီးတော့ ရှောင်ကျန့်ကရော ညီမလေးတို့ရဲ့ မိသားစုကိစ္စမှာ ဘာလို့ပါလာရတာလဲမမညီမလေးကိုရှင်းအောင်ပြောပြပါအုန်း... ဘာလို့ ညီမတိုက အိမ်ပေါ်က ဆင်းပေးရမှာလဲ...မမငြိမ်မနေပါနဲ့ ညီမလေးကို စကားပြန်ပြောပါ...."
အခုမှ သူမအခန်းရှေ့ကို ရောက်လာတဲ့ ညီမဖြစ်သူက အခန်းဝမှာ ရပ်ပြီး မေးနေတာကြောင့် သူမ ကြောင်ပြီး ကြည့်နေမိတယ်... သူမပြောနေတာတွေကို တစွန်းတစကြားသွားပုံရတယ်... သူမညီမလေးကို ဘယ်လိုပြောရမလဲ... ညီမလေးကိုလည်း စည်းရုံးပြီးတော့ သူမရဲ့လုပ်မဲ့ ကိစ္စတွေကို အကောင် အထည်ဖော်ရမယ်... ဟုတ်သားပဲသူမတစ်ယောက်တည်းမှ မဟုတ်သေးတာ သူမနဲ့ အတူတူတိုင်ပင်လို့ရတဲ့ ညီမရှိသေး တာကို သူမမေ့နေခဲ့တာပဲ... သူမတစ်ယောက်တည်း မဟုတ်သေးဘူးပဲ.... သူမ ညီမလေးလက်ကလေးကို ကိုင်လိုက်ပြီးတော့... စိတ်လှုပ်ရှားနေတဲ့ ညီမလေးကို သူမရှေ့ခုံလေးမှာ ထိုင်ခိုင်းလိုက်တယ်...ပြီးတော့ သက်ပြင်းချလိုက်ပြီးမှ မနက်က ဖြစ်ခဲ့တဲ့ အကြောင်းကိစ္စတွေကို စီကာပတ်ကုံးပြောပြလိုက်တော့တယ်.... သူမစကားနားထောင်ပြီး ညီမဖြစ်သူ အရုပ်တစ်ရုပ်လို ငြိမ်သွားတယ်...ပြီးတော့ မျက်ရည်တွေကျလာတယ်ပြီးမှ တစ်လုံးချင်းပြောလာတာက.....
"မမက မားကမွေးတဲ့ ညီမလေးရဲ့အမအရင်းပေါ့နော်.... မားလည်း ဖမ်းခံထိသွားပြီး ပြီးတော့ ညီမလေးတို့ရဲ့ အဖေအစစ်ကလည်း ဖမ်းခံထိပြီဘဒယ်ဒီက လက်မခံပဲ မောင်းထုတ်ရင် ဘယ်လိုလုပ်မလဲ... ညီမလေးတို့ ဘာဆက်လုပ်မလဲ ညီမလေးလည်း မဆင်းရဲချင်ဘူး.... အခုမှ တခြားမှာ သွားနေရမယ်ဆိုရင် ညီမလေးရဲ့ သူငယ်ချင်းတွေရော တစ်ခြားသူတွေပါ ပိုက်ဆံမရှိရင် အားလုံး ညီမဘေးကနေထွက်သွားလိမ့်မယ် ပြီးတော့ ငွေသုံးစရာမရှိတဲ့ ဘဝမှာ လုံးဝမနေနိုင်ဘူး... ဆင်းရဲ့တဲ့ ဘဝမှာနေဖို့ကို တစ်ခါမှတောင် စိတ်မကူးဘူး... မမတစ်ခုခုကြံပါဦးညီမလေးတို့ ဘယ်လိုလုပ်မလဲ... အစ်မဘာလုပ်ဖို့စိတ်ကူးထားလဲ မမကို ကြည့်ရတာအေးတိအေးစက်နဲ့ အကြံရှိရင် ညီမလေးကိုလည်း ပြောပြပါ.... ညီမလေးလဲ မမနဲ့ အတူ ဒီအိမ်ကြီးကနေ ထွက်မသွားရအောင်လုပ်မယ်.... ဘာပဲလုပ်ရလုပ်ရအကုန်လုပ်မယ်မမ..."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...