နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.3K 78 1
                                    

အပိုင်း (50)


ပိန်းပိတ်အောင်မှောင်မဲနေတဲ့ လမ်းမကြီးပေါ်မှာ မိန်းမတစ်ယောက်က အသည်းအသန်းပြေးနေလျက်ရှိတယ်... သူမနောက်ကနေ နောက်ထပ်မိန်းမကလည်း အသည်းအသန်း ပြေးလိုက်နေပြီးတော့ ရှေ့ကမိန်းမဆီကနေတစ်ခုခုကိုတောင်း နေတဲ့ ပုံစံမျိုးဖြစ်နေတော့တယ်..... ရှေကပြေးနေတဲ့မိန်းမက ပြေးရင်နဲ့ သစ်ငုတ်တစ်ခုကို ခလုတ်တိုက်ပြီး ချော်လဲကျသွားတော့တယ်... သူမလဲကျသွားတာနဲ့ နောက်ကပြေးလိုက်လာတဲ့ မိန်းမက သူမရဲ့ဘေးကပေါ်လာပြီးတော့ သွေးတွေပေးနေတဲ့ မျက်နှာနဲ့ သူမလည်ပင်ကို ညစ်လိုက်ချိန်မှာတော့.....

"အား... ငါတောင်ပန်းပါတယ်... မှားသွားပါတယ်...ခွင်လွှတ် ပေးပါ... ငါလုပ်ချင်လို့လုပ်တာ မဟုတ်ပါဘူး.... ခွင့်လွှတ် ပေးပါနော် "

တိတ်ဆိတ်နေတဲ့ ပတ်ဝန်ကျင်အခြေအနေကြောင့် ထိုမိန်းမရဲ့အော်သံကြောင့် ဘေးနားမှာ အိပ်နေတဲ့ ကျန်းသခင်ကြီးနိုးလာတော့တယ်..... သူနိုးတော့ချွေးတွေးရွှဲနစ်ပြီး အိပ်ယာပေါ်မှာ အိမ်မက်ဆိုးတွေမက်ပြီးယောင်နေတဲ့ ဇနီးဖြစ်သူကို ကျန်းသခင်ကြီး လှုပ်နှိုးလိုက်တော့တယ်.....

"ရှင်မ....ရှင်မထပါဦး.... အိမ်မက်တွေမက်နေတာထင်တယ်.... ရှင်မရေ... "

သူလှုပ်နိုးလိုက်မှ ဇနီးဖြစ်သူ ကျန်းသခင်မနိုးလားပြီးတော့ ကျန်းသခင်ကြီးကို ဖတ်ပြီးတော့ ကြောက်အားလန့်အားနဲ့ ငိုနေမိတယ်.... ကျန်းသခင်ကြီးကတော့ ဇနီးဖြစ်သူရဲ့ ကိုယ်လေးကို ပြန်ဖက်ထားပြီး ကျော်ပြင်လေးကို ပွတ်သတ်ပေးနေတော့တယ်....

"အင်း.... အစ်ကိုရယ် ညီမကြောက်လိုက်တာ ဟင့်ဟင့်.... "

ဝမ်းနည်းပြီး ကြောက်ရွံစွာငိုနေတဲ့ ဇနီးသည်ရဲ့ ပါးပြင်ပေါ် စီးကျလာတဲ့မျက်ရည်ကို သုတ်ပေးလိုက်ပြီးမှ....

"မကြောက်နဲ့နော် အစ်ကိုရှိတယ် အိမ်မက်လေးမက်တာ ဘာမှမဖြစ်ဘူး.... အိမ်မက်ဆိုတာက သွေးလေခြောက်ခြားလို့မက်တက်တာနော် တိတ်... တိတ်နော်...."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now