အပိုင်း (42)
အမျိုးသမီးကြီးက စကားကို ဆုံးအောင်မပြောပဲ တမင်ခနဲ့သလိုပုံစံနဲ့ ရှောင်ကျန့်ကိုအပေါ်အောက် အထင်သေးတဲ့ မျက်လုံးနဲ့ စုံချီဆန်ချီကြည့်ပြီး လှောင်ရယ်လိုက်ပြီးမှ.....
"အော်.... မင်းက Yiboနားကို ကော်လို လိုက်ကပ်ပြီး မြူစွယ်နေတာဆိုတော့ အန်တီအကြောင်းကို သိပြီးပြီးလာတော့မသိဘူး.... ဒါပေမဲ့ အခုခေတ်မှာ ဆိုရင် အရမ်းလည်တာ ကိုယ်ချူစားမဲ့ လူရဲ့အကြောင်းကိုသိအောင်စုံစမ်းပြီးကပ်ကြတာလေ.... အော်... အန်တီက မင်းကိုမရည်ရွယ်ပါဘူးနော် ဖြစ်လေ့ဖြစ်ထရှိတာကိုပြောနော်.... သိပြီးလည်း ကိစ္စမရှိဘူး ထပ်ပြီးမိတ်ဆက်လိုက်မယ်.... အန်တီက Wang Yiboရဲ့ မိထွေးပေါ့ Wang အိမ်တော်ရဲ့ စီမံပိုင်ခွင်ရတဲ့ အရေးကြီးတဲ့သူလေ... သူမလေးကတော့ Yiboအမေရှိစဥ် ကတည်း က သဘောတူကြည်ဖြူပေးခဲ့တဲ့ မိန်းကလေး တော်ဝင်သဇင်လို အဖိုးထိုက်တန်တဲ့ ကျန်းအိမ်တော်ရဲ့ သမီးချောလေးကျန်း ထိုက်လျာပေါ့..... "
"ဟုတ်ကဲ့..... တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ကတော့ ရှောင်ကျန့်ပါ အန်တီ..... ဒါပေမဲ့ အန်တီခုနကပြောသလိုပေါ့ တစ်ယောက်စီကပ်တော့မယ်ဆိုရင် အရင်စုံစမ်းပြီးမှ ကပ်တဲ့ဆိုတဲ့စကားကြောင့် ပြောပြချင်တာပါ..... အန်တီပြောတဲ့ လူမျိုးတွေကိုတော့ ကျွန်တော်မသိဘူး တစ်ချို့ကျတော့ကိုယ် စိတ်နဲ့ နှိုးပြီးတော့မှ ပြောတက်ကြတယ်.... ကျွန်တော် ဘက်ကတော့ Yiboကိုအရင် ကပ်ခဲ့တာမျိုးတစ်ခုမှမရှိဘူး.... Yiboနဲ့ ကျွန်တော်က ရိုးရိုးသားသားသူငယ်ချင်တွေပဲ.... မယုံရင် Yiboကိုအရင်မေးပြီးမှ ကျွန်တော်စီပြန်လာလို့ရတယ်.... အခုကျွန်တော်ကို ဒီဆိုင်ကိုခေါ်တာ ဘာကိစ္စများရှိလို့လဲ ခင်ဗျာ...."
ရှောင်ကျန့် စကားကြောင့် Wangကတော် ဒေါသတော် တော်ထွက်သွားမိတယ်..... သူမထင်ထားတာက သူမ ပြောသမျှကို ဘာမှ ပြန်မပြောနိုင်တဲ့ ခပ်နုံနုံကောာင်လေးတစ်ယောက်လောက်သာလို့ တွေးထားတာဖြစ်သည်... အခုတော့ သူမ အထင်က တခြားစီ ဖြစ်နေတာကို တွေ့လိုက်ရတော့တယ်... ရှောင်ကျန့်လည်း သူ သိချင်တာကိုမေးလိုက်တာဖြစ် သည်.... အခုထိ သူကိုဘာအတွက်ခေါ်လဲဆိုတာ နားမလည်သေးတာလည်းပါတယ်...... ဒါကြောင့် ပွင့်ပွင့်လင်းလင်းမေးလိုက်တာဖြစ်သည်..... သူထိုမိန်းမတွေနဲ့လည်း စကားသိပ်မပြောချင်တော့တာလည်းပါတယ်....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...
