နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1K 70 9
                                    

အပိုင်း (86)

ယတိပျက် ပြောချလာတဲ့ Wang Yiboရဲ့ စကားကြောင့် ရှောင်ကျန့် မျက်ရည်ဝဲမိတယ်.... သူအတွက်စိုးရိမ်လို့ပြောတာကိုလည်း နားလည်တာကြောင့် ဖြစ်သည်... ပြီးဆော့ Yiboသူအပေါ်ထားတဲ့ မေတ္တာတရားကိုလည်း ပိုပြီး ခံစားလာရတယ်... သူYiboရဲ့ လက်ကလေးကို ဆုတ်ကိုင်လိုက်မိတယ်... သူလက်ကိုပြန်အုပ်မိုးဆုတ်ကိုင်းပြီး ပြုံးပြလာတဲ့ Yiboကြောင့် သူရင်တွေ ပိုပြီး နွေးထွေးလုံခြုံမှုကို ခံစားလာစေတယ်... သူYiboကို ချစ်တာမှန်ပေမဲ့ Yiboက သူရှေ့ကနေ တံတိုင်းတစ်ခုလို ထီးတစ်ချောင်းလို သူကိုကာကွယ်ပေးခဲ့တာ တွေ့ရတော့ သူပိုပြီး ပျော်မိတယ်...သူYibo လို လူမျိုးနဲ့ ဆုံတွေခွင့်ရအောင် လုပ်ပေးတဲ့ မိုးနတ်မင်းကြီးကို ကျေးဇူးတင်မိတယ်.... သူဘဝကို သူချစ်ပေးတဲ့ သူတွေစေလွှတ်ပေးခဲ့တဲ့ အတွက်ရောပေါ့..... Yiboကတော့ သူရဲ့ ယုန်လေးမျက်နှာကို ငေးကြည့်နေမိတယ်... ရှောင်ကျန့်က ကျန်းသခင်ကြီးကို တည်တည်ငြိမ်ငြိမ်လေးကြည့်ပြီးတော့....

"အန်ကယ်.... ကျွန်တော်က သားအရင်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ အန်ကယ်ကို အရှက်ရစေတယ်ထင်ရင် ကျွန်တော်ကို မခေါ်ချင်လည်းရပါတယ်... ကျွန်တော်ဘဝကိုနေသားကျနေပါပြီ မိဘအရင်းတွေကို သိခွင့်ရယုံနဲ့ပဲ ကျေနပ်နေပါပြီ တခြားဘာမှ မလိုအပ်ပါဘူး.... အားနားတဲ့ ခံစားချက်တွေကြောင့် ကျွန်တော်ကို လက်ခံတာဆိုရင် မလုပ်ပါနဲ့... ကျွန်တော်ကြောင့် တာဝန်အပိုတွေ မပိစေချင်ဘူး... ပြီးတော့ ဒီအတွက် ဝမ်းနည်းမနေပါနဲ့ အန်ကယ် ကျွန်တော်ပြောတာကို နားလည်မယ်လို့ထင်တယ်...."

ရှောင်ကျန့်ဒီစကားကို တည်ငြိမ်အောင် ထိန်းပြီးပြောလိုက်ပေမဲ့ ရင်တွေအရမ်းနာတယ်.... ဒါပေမဲ့ သူကြောင့် အခုမှ သူတွေ့ရတဲ့ သူအဖေကို သူစိတ်မဆင်းရဲစေချင်ဘူးလေ... သူအပေါ် အားနားပြီး လက်မခံချင်ပဲ လက်ခံလိုက်တာကိုလည်း မလိုချင်ဘူး... သူအပေါ်တကယ်ချစ်တာပဲလိုချင်လို့ပါ သူတွေးရင်းနဲ့ မျက်ရည်က ကျလာမိတယ်... ဘယ်သူမှ မတွေ့ခင် မျက်ရည်လေးကို ခိုးသုတ်လိုက်မိတယ်.... Yiboက မျက်ရည်ခိုးသုတ်နေတဲ့ သူယုန်လေးကို ကြည့်ပြီး သူပါရောပြီး ရင်တွေနာလာမိတယ်.... ဒီယုန်လေးက သူများအတွက်အရမ်းကြည့်ပေးတာကိုလည်း အားမလိုအားမရဖြစ်မိတယ်...
ရှောင်ကျန့် စကားကြောင့်ကျန်းသခင်ကြီး ခဏမျှငြိမ်သွားမိတယ်.... ဒါပေမဲ့ အကြည့်တွေကတော့ ရှောင်ကျန့်ရဲ့ မျက်နှာလေးပေါ်မှာ ရပ်တန့်နေမိတယ်... သူကိုယ်သူ ဇဝေဇဝါ ဖြစ်ပြီး ဝေခွဲလို့ မရသလို ခံစားနေရတာကြောင့် စကားပြန်မပြောနိူင်ပဲ ငြိမ်နေမိတော့တယ်... ခေါင်းမာလွန်းတဲ့ သူကလေးကို ကြည့်ပြီး တစ်စုံတစ်ယောက်ကို သတိရမိတယ်... သူမသာ မာနတွေနဲ့ ခေါင်းမမာခဲ့ဖူးဆိုရင် အခုလောက်ဆို သူတို့မိသားစုတွေပျော်ရွှင်နေခဲ့ရလောက်ပြီလေ... ဒါပေမဲ့ဒါတွေအားလုံးက ကိုယ်အမှားတွေပါကွယ် မကြားနိုင်မှန်းသိပေမဲ့ ထပ်ပြီးတောင်ပန်းပါတယ် သားအပေါ်လည်း တာဝန်ကျေတဲ့ ဖခင်တစ်ယောက်မဖြစ်ခဲ့လို့ ထပ်ပြီးတောင်ပန်ပါတယ်.... ကျန်းသခင်ကြီး နှလုံးသားထဲကနေ တိတ်တိတ်လေးပြောနေမိတော့တယ်.... ကျန်းထိုက်လျာကတော့ သူအဖေကိုကြည့်ပြီး ပြုံးနေမိတော့တယ်.... သူမ အဖေရဲ့ စိတ်ထဲကို သံသယစိတ်တွေထည့်ပေးလိုက်တာ အောင်မြင်သွားပြီမို့ ပျော်ရွှင်နေတာဖြစ်သည်... Yiboကလည်း ကျန်းသခင်ကြီး တွေဝေနေတာကို ရိပ်မိတာကြောင့်....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now