နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.2K 71 6
                                        

အပိုင်း (38)


ကျင်းသခင်ကြီးကတော့ သူအသက်အရွယ်ကြီးနေတာကိုလည်း ဆင်ခြင်ရကောင်းမှန်းလည်းမသိတော့ လူကြီးဆိုပြီးတော့လည်း မရှက်နိုင်တော့ပေ.... သူကဖိန်းလေးရဲ့ သာယာတဲ့ အသံလေးနဲ့ ပြောနေတဲ့ တီတီတာတာအသံလေးတွေကြောင့် မေ့စေ့လေးကို ကိုင်ပြီး သူကိုကြည့်စေလိုက်ပြီး မိန်းမလှလေးရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ပြီးတော့မှ......

"အို..... မသွားပါရစေနဲ့နော်..... ဖိန်းလေးသာ အစ်ကိုကြီးကို သွားခိုင်ရင် ရင်ကွဲရမှာသိလား.... ကြာလေ ကြာလေ အိမ်ကမိန်းမတောင် ပြန်အမ်းလိုက်ချင်နေပြီ သိလား....ကိုယ်ရင်ထဲမှာ အော်နေတာက ဖိန်း....ဖိန်း... ဆိုတာကြီးပဲဖြစ်နေတယ်... အစ်ကိုကြီးလေ ဖိန်းကိုမတွေ့ရရင်သေ သွားနိုင်တယ်...."

"အို.....အစ်ကိုကြီးကလည်း အရမ်းပိုတာပဲ.... ဖိန်းရှက်တယ်သိလား......"

မူယာမာယာများပြီးတော့ ရှက်နေတဲ့ ဖိန်းပိကို ကျင်းသခင်ကြီးရဲ့ မျက်လုံးထဲမှာတော့ နတ်သမီးလေးတစ်ယောက်လိုတောင် မြင်နေတော့တယ်.......

"ဒီမှာကြည့် ဖိန်းလေးအတွက် လက်စွပ်လေး မလှဘူးလား.... အစ်ကိုကြီးလုပ်လာတာ ကြိုက်ရဲ့လား...."

သူမမျက်လုံးက အရောင်တောက်သွားပြီးတော့......

"လှလိုက်တာ ဖိန်း ဝတ်လိုက်ရင်လှသွားမှာပေါ့နော်..... ဝတ်ပေးပါအုန်း အစ်ကိုကြီးက အရမ်းချစ်ဖို့ကောင်းလိုက်တာ ဖိန်းငယ်ကလည်း ကိုကြီးပျော်ရွှင်အောင် ပြုစုပေးမယ်..... အစ် ကိုကြီး မိန်မထက်အဆပေါင်းများစွာသာအောင် ပြုစုပေးမှာသိလား....ဟင်းဟင်း....."

"အစ်ကိုကြီးကလည်း ခံယူဖိုပဲ စောင့်နေတာ လွမ်းလှပြီ သိရဲ့လား....."

ပြောပြီးတော့ကျင်းသခင်ကြီးက ပြုံးလိုက်ပြီးတော့မှ ဖိန်းငယ်ရဲ့ မေးလေးကို ကိုင်လိုက်ပြီးတော့မှ သူကို ကြည့်စေပြီးတော့ ထပ်ပြောလာတာက.....

"ကိုယ်ကြိုပြောထားမယ်နော် ရှောင်ကျန့်ဆိုတဲ့ကောင်လေးက ငယ်တော့ သူကို စိတ်လည်မသွားနဲ့နော်.....သူကိုတော့ တ ကယ်မချစ်ပါနဲလို့ အစ်ကိုကြီးတောင်းဆိုလို့ရမလားဖိန်း.... ကောင်လေးက ပြောသာပြောရတာ အရမ်းချစ်ဖို့ကောင်းတယ်...  ကိုယ်က ဖိန်းငယ်ကို ခိုင်းပေမဲ့ စိတ်အားငယ်ရတယ်သိလား..... ဘယ်တော့ အစ်ကိုကြီးကို ထားခဲ့ပြီး အဲ့ဒီကောင်လေးကို ချစ်သွားမလဲဆိုတာလေ စိတ်ပူနေရတယ်.... ကိုယ်ကို မထားခဲ့ဘူးမလား....."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now