နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

1.7K 93 5
                                    

အပိုင်း (16)

ကျန်းထိုက်လျာတော်တော်ဒေါသဖြစ်နေပြီဖြစ်သည် လူကြားထဲမှာ သူမကိုပြန်ပြေနေတဲ့ ရှောင်ကျန့်ဆိုတဲ့ကောင်လေးကို မျက်နှာကြီးနီပြီး ကြည့်နေမိတယ်......

"နင့်နင့် တော်တော်လေးကို အရှက်မရှိတဲ့အပြင် မိန်ကလေးကိုလည်း လူလည်ခေါင်မှာ ပြန်ပြောသေးတယ်...... ယုတ်မာတဲ့အကောင် နင့်သေပြီသာမှတ်....."

"မလုပ်နဲ့ လျာရဲ့ လက်နုနုလေးတွေ ပွန်းပဲသွားမယ်.... ကိုယ် အဲ့ဒီကောင်ကို ကိုယ်ဆုံးမပေးမယ်... လျာကဘေးကနေ ​အေး အေးဆေးဆေးရပ်ပြီး စောင့်ကြည့်နေလိုက်နော်......"

သူမရိုက်မလို့ရှေ့တိုးသွားတော့ သူမတို့နဲ့အတူတူပါလာတဲ့ သူငယ်ချင်းဖြစ်သူ တနည်းပြောရရင် သူမကိုလိုက်ပြီး ကြိုက်နေတဲ့သူက လုပ်ပေးမယ်ပြောတော့..... သူမလွှတ်ပေးထားလိုက်တယ် ဒီလိုအောက်တန်းစားတစ်ယောက်အတွက် သူမလက်နာစရာမလိုတော့ဘူးပေါ့.... ပြီးတော့ လူတွေအမြင်မှာလည်းသူမကို ကြမ်းတမ်းတဲ့ မိန်းမလို့မမြင်တော့ဘူး.... သူမက အားနွဲ့တဲ့ မိန်းကလေးတစ်ယောက် အဖြစ်မြင်သွားပေလိမ့်မယ်.....

"ကျေးဇူးနော် ဒီအတွက်ရန်ချင်း နင့်ကို ထိုက်ထိုက်တန်တန်ဆုချမှာနော်.... ငါ့ညီမအတွက် မခံမရပ်နိုင်လွန်းလို့ပါဟ..."

တမင်ပင် သူမ ထိုသူ နားလေးနားကပ်ပြောလိုက်တော့......

"စိတ်ချကိုယ်ကို ဆုချဖို့လုပ်ထားလိုက်တော့...... ဒီကောင်လေး ဘယ်လိုခံရပြီး ပြန်ရမလဲစောင့်ကြည့်နေလိုက်ဟားဟား......"

အမှန်က ရန်ချင်းက ခန္ဓာကိုယ်တောင့်တင်းပြီး ဗလတောင့်လွန်းတယ်လို့ ပြောလို့ရတယ်.... ရှောင်ကျန့်နဲ့ ယှဥ်ရင် အရွယ် က မမျှပေ..... ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျန့် ခံရမှာ သေချာနေပြီမို့ သူမ ဝမ်းသာနေမိတယ်...... ရှောင်ကျန့်ကတော့ သူမ တို့တွေကို ကြည့်ပြီး စိတ်ပျက်လာတာကြောင့် မနာတဲ့ခြေ ထောက်ကို အားပြုပြီး လမ်းလျှောက်ပြီး ထွက်လာမိလိုက်တော့တယ်...... ဘာတွေဖြစ်ဖြစ်သူနဲ့မဆိုင် အခုဒီလူတွေ ရှေ့ကနေသူ ထွက်သွားချင်တာပဲသိတယ်..... ရန်လည်းဆက်ပြီး မဖြစ်ချင်တော့တာကြောင့် သူထွက်လာတာဖြစ်သည်..... တရွေ့ရွေ့ထွက်သွားနေတဲ့ ကောင်လေးနောက်သို့ ရန်ချင်းလိုက်သွားလိုက်ပြီးတော့ အကဲခတ်လိုက်တော့ လမ်းလျှောက်ရင် ခြေထောက်ဖွဖွလေး နင်းနေတာ သတိထားလိုက်မိတယ်..... ရှောင်ကျန့်ဆိုတဲ့ကောင်လေးခြေထောက်နားနေမှန်း သူသိလိုက်တာကြောင့် တမင် ပုခုံးကိုစောင့်တွန်းလိုက်တော့ ခြေထောက် နာနေတဲ့ ကောင်လေးဟန်ချက် ပြက်သွားပြီး လဲ ကျမလိုဖြစ်သွားတော့......

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now