အပိုင်း (87)
သူမရှေ့မှ တစ်ဦးကိုတစ်ဦးကြင်နာပြနေတဲ့ နှစ်ယောက်ရောဒယ်ဒီရဲ့ မေတ္တာစိတ်ပြည့်နေတဲ့ မျက်လုံးလေးတွေနဲ့ ရှောင်ကျန့် ကိုကြည့်ပေးနေတာတွေက သူမရင်ထဲကိုတော်တော်နာကျင်မိတယ်... ရှောင်ကျန့်ရဲ့နေရာမှာ သူမသာဆိုရင် အရမ်းကြည် နူးမိမှာ အခုတော့....
"နင့်ကောင်းကောင်းပျော်ထားလိုက်ရှောင်ကျန့် မရဘူးတဲ့ မေတ္တာတွေနဲ့ စည်းစိမ်းတွေ ကို နင်ခံစားထားလိုက်... Yibo နင်ပြောသလိုပဲ ရှောင်ကျန့်ကိုပျော်ရွှင်အောင် ထားနိုင်ပါမလားဆိုတာ နင့်သူကို ကာကွယ်နိုင်ရဲ့လားဆိုတာ ငါစောင့်
ကြည့်နေမယ်... ရှောင်ကျန့် နင့်က ငါ့ရဲ့ပိုင်ဆိုင်မှုတွေအကုန် လုံးကို ယူထားတဲ့ အတွက် နင့်ကို ဘယ်တော့မှ မပျော်ရွှင်စေရဘူး... ငါကနင့်ရဲ့ ဘဝကို ပျက်စီးအောင် ဖျက်စီးပစ်မယ်... သူမနာကျင်တာတွေကို တစ်ချက်တောင်နှစ်သိမ့်မပေးပဲ နေရက်တဲ့ဒယ်ဒီကိုလည်း ပြန်ခံစားစေရမယ်.... "သူမစိတ်ထဲမှာ ကျိန်းဝါးပြီးတော့ ဒေါသမျက်လုံးတွေနဲ့ ကြည့်ပြီး ထွက်လာခဲ့လိုက်တော့တယ်.... အခုလောလောဆယ် သူ မဒေါသတွေကြောင့် ဘာလုပ်မိမလဲမသိဘူး... ကျန်းထိုက်လျာအပြင်ကိုထွက်လာတော့တယ်... လင်လုံမေကတော့ သ မီးဖြစ်သူ ကျန်းထိုက်လျာထွက်သွားတာ မြင်တော့ ရဲတွေကိုင်ထားတဲ့ လက်ကို ရုန်းပြီးတော့ နောက်ကနေ ပြေးလိုက်သွားပြီး....
"သမီးကျန်းထိုက်လျာ.... သမီးရေ မာမီကို ခွင့်လွှတ်ပေးပါနော်....မာမီကို ခွင့်လွှတ်ပေးပါ...မာမီမှားခဲ့တာကို တောင်းပန်းပါတယ်.... အားလုံးသမီးအတွက်ကြီးပဲ မာမီလုပ်ခဲတာပါ...."
ကျန်းထိုက်လျာက သူမစကားကို မကြားသလို တစ်ချက်တောင်လှည့်မကြည့်တာကြောင့် မှီလို့မှီခင်ဖြစ်နေတာကြောင့် လက်ကလေးကို ဆွဲလိုက်တော့....
"ကျွန်မအသားကို မထိနဲ့.... လွှတ်ပေးနော်..."
သူမပြောနေတာတောင် မလွှတ်ပေးပဲ အတင်းလိုက်ဆွဲနေတာကြောင့် ဒေါသတွေပိုဖြစ်လာမိတာကြောင့်....
"ကဲဟယ်.... လာမရှုပ်နဲ့.... ရှင်နဲ့ မပတ်သတ်စေချင်ဘူး... ကျွန်မအသားကို လာမထိနဲ့ "
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...