နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (U+Z)

2.3K 130 2
                                    

အပိုင်း (4)

သမီးဖြစ်သူပြောတာမှန်းကြောင်းကို ခေါင်းငြိမ်ထောက်ခံပြီးမှ.....

"အို.... အဲ့ဒီလိုတော့ အဖြစ်မခံနိုင်ပါဘူး.....မာမီ မစဥ်းစားလိုက်မိဘူး ဟုတ်တယ်..... ဒီကောင်မသားအမိက အလည်တွေ မေမေတို့ကို ပြဿနာ ဖြစ်အောင် လုပ်နိုင်တယ်........ သမီးက အရမ်းတော်တာပဲ..... သူတို့ကို အိမ်ထဲ အဝင်မခံတာ အကောင်းဆုံးပဲလို့ မာမီလည်းထင်တယ်.... ဒါပေမဲ့ ဒီသားအမိက ရှောင်အိမ်က ချွေးမမှန်း လူတိုင်းသိနေတာကို မာမီတို့နဲ့ မဆိုင်ဘူးဆိုတာ ဘယ်လိုများ လူတွေကို ပြောပြပြီး
ကြော်ငြာရမှာလဲ.... ရှောင်မိသားစုက ချွေးမနဲ့ မြေးဖြစ်သူအပေါ်ရက်စက် ယုတ်မာတယ်ဆိုပြီး နာမည်ဆိုးထွက်သွားရင် ဘယ်လိုလုပ်မလဲ..... ဟိုဟာမကကော ငြိမ်နေမယ်လို့ ထင်လား..... သူမက ငွေ မမက်ဘူး ငြင်းပြီး ပစ္စည်းတွေလိုချင်နေရင် ဘယ်လိုလုပ်မလဲ..... လူတွေကပြောရင်အရမ်းကို ယုံပြီး သနားတက်ကြတယ်.... တကယ်လို့ အဲ့ဒီ ဟာမသအကျင့် ယုတ်လိုက်ရင် မာမီတိုသားအမိအတွက် နစ်နာစရာကောင်း သွားပြီ..... ဘယ်လို လုပ်ရင်ကောင်းမလဲ အကြံဉာဏ်လေး ဘာလေးပေးပါအုန်းသမီးရယ်..... ငါ့ကတော့ပြောင်ရင်နဲ့ ခေါင်းတွေတောင်ကိုက်လာပြီ ဘာမှ စဥ်းစားလို့ မရတော့ဘူး..... ဦးနှောက်တွေခြောက်နေပြီ......"

အရမ်းကို စိတ်ပူနေတဲ့ မာမီကို ကြည့်ပြီး သူမ ရယ်လိုက်မိတော့...... သူမအား မျက်စောင်းထိုးလာတော့မှ မျက်နှာလေးတည်ပြီးတော့......

"မာမီရာ စိတ်မပူနေနဲ့ မနက်ဖြန်ထွက်မဲ့ သတင်းစာထဲမှာကြော်ငြာထည့်လိုက်ပေါ့မာမီရာ...... အဲဒီမိန်းမက မကောင်းတော့ ယောင်္ကျားသေတာတောင် ဂရုမစိုက်ဘူး ဘာညာပေါ့ မာမီ..... ဒါကြောင့် သားအတွက် ပူဆွေးသောကရောက်နေရတဲ့ အချိန်ပေမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်မိတယ်... ရှောင်အိမ်တော်ကနေ စာရိတ္တပျက်ပြားတဲ့ မိန်းမနဲ့ သူမရဲ့ က လေးကို ယနေအချိန်မှစပြီးတော့အကြောင်းအမျိုးမျိုးကြောင့်ဒီရှောင်အိမ်တော်နဲ့ မပတ်သတ်တော့ဘူးလို့ ကြော်ငြာလိုက်မယ်..... သြော်ပြီးတော့ အရှပ်အရှင်း အားလုံးက သမီးတို့ ရှောင်အိမ်တော်နဲ့ လုံးဝ မသက်ဆိုင်ဘူး..... သူမနဲ့ ပတ်သတ်တဲ့ ကိစ္စအားလုံး တာဝန်မယူနိုင်ပါလို့ထည့်ပြီး ပြောလိုက်ရင် မာမီဆီကို ဘယ်သူမှလာပြီး ပိုက်ဆံလာတောင်းတော့မှာ မ ဟုတ်တော့ဘူး..... သူမ​နဲ့ ပတ်သတ်တဲ့ပြဿနာကိုလည်းတာဝန်လုံးဝမယူဘူးလို့ ပြောလိုက်ပေါ့ မာမီရာ..... သမီးတို့ကို ဘယ်သူတွေက မကောင်းပြောရဲမှာလဲ.... ပြောလည်းကြောက်မနေနဲ့ လူတွေ ဘယ်လောက်ထိပြောနိုင်မှာလဲ........ အခုထဲက ပြတ်ပြတ် သားသားလုပ်ထားလိုက်တာ အကောင်းဆုံးပဲ......"

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now