အပိုင်း (13)
သူမ ဆရာနားကို ထလာလိုက်ပြီး နောက်ကနေ သိုင်းပြီး ဖက်လိုက်ပြီးတော့......
"မင်းရဲ့လက်တွေကို အခုလွှတ်လိုက်စမ်း.... မိန်းကလေးမို့ သတိပေးနေတာနော်.... "
ရှောင်ကျန့် ဒေါသထွက်သွားမိတယ် သူဒီလောက်ပြောနေတာတောင် လက်က မလွှတ်တဲ့အပြင်
"ဆရာရယ် မူမနေပါနဲ့ ကျွန်မသာ အော်လိုက်ရင် ဆရာ အ ချုပ်ထဲ ရောက်သွားနိုင်တယ်ဆိုတာ သိပါတယ်နော်.... ကျွန် မတို့မိသားစုတွေက မျိုးရိုးကြီးတွေဆိုတော့ ကျွန်မကို ယူရင် ဆရာမဆင်းရဲပါဘူး မူမနေပါနဲ့..... ဟင်းဟင်း...."
သူမပြောတဲ့အမူအယာတွေက ကျောင်းသူတစ်ယောက် ပြောသင့်တဲ့ စကားတွေမဟုတ်တော့ပေ..... ရှောင်ကျန့်သူကို လာဖက်တဲ့ လက်တွေကို ပုတ်ထုတ်လိုက်ပြီးတော့.....
"မင်းကို မိန်ကလေးမို့ သိက္ခာကိုထိန်းခိုင်းနေတာ..... အရှက်ရှိသင့်တယ်နော်..... မင်းကို ငါ့စိတ်လည်းမဝင်စားဘူး.... ကျောင်းသားတစ်ယောက်လိုပဲ သဘောထားတယ် အဝတ်တွေ လဲလိုက်ပါ တခြားသူတွေပြန်လာရင် မကောင်းဘူး..."
သူမလို မိန်မလှလေးကို ငြင်းရဲတဲ့ ဆရာအားပြန်ပြီးတော့ လက်စားချေရမှ ကျေနပ်မှာ သူမကို ဘယ်သူကမှ ငြင်းဆန်ရဲတဲ့သူ မရှိခဲ့ဘူး ဒီဆရာနဲ့မှ အငြင်းခံရတာကြောင့် သူမရှက်လည်းရှက်မိတယ် ကျေနပ်လည်းမကျေနပ်နိုင်ပေ......
"ကောင်ပြီလေ ဆရာနောက်မှ နောင်တမရနဲ့နော်..... ကျွန်မ ပြောတာကို လက်မခံတဲ့အတွက် ဆရာကို ကျွန်မမကျေနပ်ဘူး....."
ပြောပြီးတော့ သူမ မတ်တပ်ရပ်လိုက်တယ်..... အပြင်ကပြန် လာဟန်တူတဲ့ ကျန်းသခင်ကြီးနဲ့ ကျန်းကတော့အသံကို ကြား လိုက်ရတယ်..... သူမ ဆရာအား မဲ့ပြုံးပြုံးလိုက်ပြီးတော့မှ အဝတ်ကို နည်းနည်းဖြဲလိုက်ပြီး အင်္ကျီကိုလည်း လက်အထိ ဆွဲချလိုက်တယ်...... ဆံပင်ကိုလည်း ဖရိုဖရဲဖြစ်အောင်လုပ်ပြီး အခန်းတံခါးကို ဖွင့်ပြီး ရုန်းရင်ဆန်ခက်ပုံစံနဲ့ အပြင်ကို ပြေးထွက်လိုက်တယ်...... မျက်ရည်တွေအဆက်မပျက်ကျ နေပြီး အသံကလည်း ကြောက်လန့်နေတဲ့ မိန်းကလေး အသံဖြစ်အောင်လုပ်ပြီးတော့.....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fiksi Penggemarမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...