အပိုင်း (92)
သမီးဖြစ်သူစကားကြောင့် သူလည် မျက်ရည်ဝဲမိတယ်.... ဒီသမီးလေးတွေက သူသမီးမဟုတ်မှန်းသိလိုက်ရပေမဲ့....သူလက်ပေါ်မှာ ကြီးပြင်းခဲ့တဲ့သူတွေလေ ဘယ်လိုပဲပြောပြော လူကြီးတွေလုပ်တဲ့ အပြစ်တွေကို အပြစ်ကင်စင်တဲ့ ကလေးတွေက ဓားစားခံဖြစ်စေတဲ့ ပုံစံမျိုးမလုပ်ချင်ဘူး... ပြီးတော့ ဒီသမီး နှစ်ယောက်လုံးက နှလုံးသားလေးတွေဖြူစင်တဲ့ သူလေးတွေလေ အခုလည်းသူအပေါ်ကိုရော သားလေးရှောင်ကျန့်လေးအပေါ်ရော အစွမ်းကုန်နားလည်ပေးကြတဲ့ ကလေးငယ်တွေလေ ဒီလောက်ချစ်စရာကောင်းပြီးဖြူစင်တဲ့ သမီးတွေကို ခံစားနေရတာကို မကြည့်ရက်တာကြောင့်...."ဒယ်ဒီမှားပါတယ် သမီးလေးရယ်.... ဒယ်ဒီအရမ်းမှားသွားတယ်... နေ့လည်က သမီးလေးကို ဒယ်ဒီစိတ်တိုပြီး ဒေါသအလျှောက် မစဥ်းစားမဆင်ချင်ပဲ ပါးလေးကို ရိုက်ခဲ့မိတာ... ဒယ်ဒီတောင်ပန်းပါတယ်နော် သမီးရယ်... သမီးက ဒယ်ဒီကို
စိတ်မဆိုးရင် နောက်ပြီး ဒယ်ဒီလိုအဖေတစ်ယောက်လို ဆက် ပြီး ချစ်သေးတယ်ဆိုရင် ဒီအိမ်မှာ ဆက်နေပါသမီးရယ်.... ဒယ်ဒီအမိန့်ပေးနေတာမဟုတ်ပါဘူး ဒယ်ဒီမှာ အမိန့်ပေးပိုင်ခွင့်လည်းမရှိပါဘူး... ဒါပေမဲ့ သမီးတစ်ယောက်လိုမျိုး သ ဘောထားတဲ့ အတွက် ဒယ်ဒီပြောပါရစေကွယ်....""ဒယ်ဒီရယ် သမီးကို ဒီလောက်ထိ တောင်ပန်းစရာမလိုပါဘူး... သမီးဆိုးလို့ အပြစ်ပေးတာ အဖေတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့ အရာပဲလေ.... သမီးက ဒယ်ဒီသမီးပါ သမီးကို ဆူနိုင်ရိုက်နိုင်တယ်လေ... ဒီလိုမျိုး အပြစ်ရှိသလိုမျိုး မခံစားနေပါနဲ့ ဒယ်ဒီရယ် သမီးရင်ထဲပိုပြီးတော့ မချိလို့ပါ... သမီး... သမီးကသာ ဟင့်ဟင့်.... တောင်ပန်းရမှာပါ ဒယ်ဒီရယ်...ဟင့်.....ဟင့်..."
ကျန်းထိုက်လျာ အသံထွက်အောင် မျက်ရည်တွေကျပြီးတော့ ခေါင်းငုံထားရင်းနဲ့....
"ဒါပေမဲ့ ဒယ်ဒီရယ် ဘယ်လိုပဲပြောပြော သမီးတို့က ဒယ်ဒီရဲ့ သမီးတွေ မဟုတ်ဘူးလေ... အခုဆို သမီးတို့က ဧည့်သည်တွေပါ ဒယ်ဒီပဲဖစ်ဖြစ် ရှောင်ကျန့်ပဲ ဖြစ်ဖြစ်ဘယ်သူပဲမောင်းထုတ်ထုတ် မောင်းထုတ်ချင်ရင်တောင် သမီးတို့ ညီအစ်မတွေကို မောင်းထုတ်နိုင်ပါတယ်.... ဒယ်ဒီကို သမီးတို့ မာမီက လိမ်ထားတာလေ ပြီးတော့ ရှောင်ကျန့်ရဲ့ မားအပေါ်ကိုလည်း ခွင့်မလွှတ်နိုင်တဲ့ အပြစ်တွေလုပ်ထားတာလေ သမီးတို့က ဘယ်လိုမျက်နှာနဲ့ အရှက်မရှိစွာ ဒယ်ဒီကို သမီးတို့ကို နေခိုင်းပါလို့ ဘယ်လိုပြောရမှာလဲ ဘယ်လိုလုပ်ပြောထွက်ပါမလဲ ဒယ်ဒီရယ်... သမီးတို့က ဒယ်ဒီကို ဒုက္ခပေးသလိုဖြစ်နေမှာပေါ့... ရှောင်ကျန့် ကိုလည်းဘယ်လိုမျက်နှာနဲ့ ကြည့်ပြီးတော့ အတူတူနေရမှာလဲ ဒယ်ဒီရယ်....ပြီးတော့ သမီးတို့ကြောင့် ဒယ်ဒီကို စိတ်မဆင်းရဲစေချင်ဘူး... ရှောင်ကျန့်ကရော သမီးတို့ ဒီမှာနေတာကို ကြည်ဖြူပါမလား ဒယ်ဒီရယ်... သမီးတို့ သူအပေါ်မှာတင်နေတဲ့ အကြွေးအပြစ်တွေကို ဘယ်လိုတောင် ဆပ်ရမလဲမသိတော့ဘူးဒယ်ဒီရယ်.... ရှောင်ကျန့်ကို မိဘမဲ့အောင်လုပ်ခဲ့တာလည်း မာမီဆိုပေမဲ့ သမီးတို့က မာမီသမီးတွေလေ လိပ်ပြာမလုံဘူးဒယ်ဒီရယ် သမီးတို့ကဒီအရွယ်ထိကောင်းကောင်းမွန်မွန်နေခဲ့ရပေမဲ့ ရှောင်ကျန့်က ဘဝကို အ ရမ်းကြီးခက်ခက်ခဲခဲနဲ့ ကျော်ဖြတ်ခဲ့ရတယ်လေ... ဒါတွေကို ရှောင်ကျန့်ကရော မမုန်းဘူးလို့ပြောနိုင်ပါမလား... သူစိတ်ထဲ သမိးတို့ကို မုန်းတီးပြီး စိတ်ဆိုးနေမယ်လို့ ထင်တယ်... သမီးဆိုရင် ခွင့်လွှတ်ဖို့ဆိုတာ မလွယ်ကူဘူးလေ....ပြီးတော့ ရှောင်ကျန့်က သမီးတို့ကြောင့် ဒယ်ဒီကို အဖေအဖြစ်လက်မခံရင်ရောဟင်... သမီးတို့ကြောင့် ဒယ်ဒီကို ရင်ကွဲအောင်ထပ်ပြီး မလုပ်ချင်ပါဘူး... ဒယ်ဒီနဲ့ အတူတူ အခုရှောင်ကျန့် မလိုက်လာဘူးလား... ဒီအိမ်ကို သမီးတို့ကြောင့်လိုက်မလာတာလားဟင်.... သမီးတို့သွားပြီးတောင်ပန်းပေးပါမယ်ဒယ်ဒီရယ်... ဒယ်ဒီရဲ့စိတ်ချမ်းသာမှုတွေသာ သမီးတို့အတွက် အရေးကြီးတာပါ... သမီးတို့က ကိုယ်တိုင်အပြစ်မလုပ်ထားပေမဲ့ မာမီရဲ့ အပြစ်တွေကို ကိုယ်စားဆက်ပါရစေနော် ဒယ်ဒီရယ်... ဒါမှ လက်မခံရင် သမီးတို့ ထွက်သွားပေးပါမယ်လို့ ပြောပြီး ဒူးထောက်တောင်ပန်ပါမယ်...."
![](https://img.wattpad.com/cover/263237384-288-k442136.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...