အပိုင်း (1)
မိုးသက်မုန်းတိုင်းက ပြင်ထန်းစွာ တိုက်ခက်ပြီး လောကတစ်ခုလုံးက ဝါးမျိုးကာ ကျဆင်းနေပြီး မိုးကြိုးလျှပ်စီးတို့ရဲ့ အသံတွေကလည်း ဆူးညံလျက်ရှိတယ်....... မိုးရေစက်တို့က မညှာမတာနဲ့ မြေပေါ်ကို ဆင်းသက်နေကြတယ်...... ပတ်ဝန်း ကျင် တစ်ခုလုံး မိုးသံမှ လွှဲ၍ အရာအားလုံးက တိတ်ဆိပ်ငြိမ်သက်ခြင်း ကြီးဆိုးနေလျက် ညနက်ပိုင်းဖြစ်တာကြောင့်လည်းပါတယ်....... ခန်နားထည်ဝါလှတဲ့ ခြံဝန်းထဲက အိမ်ကြီးတစ်အိမ်ကလည်း မိုးသက်မုန်းတိုင်းဒဏ်ကို အံတုလျက်ရှိပါတယ်..... ထိုခမ်းနားတဲ့ အိမ်ကြီးက ရှောင်အိမ်တော်ပင်ဖြစ်တယ်..... အပြင်က ကြည့်ရင်သား ငြိမ်သက်နေတယ် ထင်နေရပေမဲ့...... ထိုအိမ်ကြီးအခန်းတစ်ခန်းကနေ ကျယ်လောင် သော အသံတစ်သံက မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ ညလေးမှာ ခြောက်ခြားဖွယ်ရာအတိ ထွက်ပေါ်လာတော့တယ်..."ဒိုင်း......"
မိုးရွာနေတဲ့ ပတ်ဝန်ကျင်မှာ ခပ်အုတ်အုတ် ထွက်လာပေသည်...... ထို့အသံသည်ကား ရှောင်အိမ်တော်ရဲ့ စာကြည့်ခန်းထဲမှာ ထွက်ပေါ်လာခြင်းဖြစ်သည်...... သွေးတွေက စင်ထားတာကော ပြီးတော့ စားပွဲပေါ်ကနေ ကြမ်းပြင်ပေါ်သို့ တစ်စက်တစ်စက်ကျနေတဲ ခြောကခြားဖွယ်ရာ မြင်ကွင်းကို မမှိတ်မသုန် ရပ်ပြီးကြောင်ငေးကြည့်ပြီး ကြောက်ရွံနေလျက် သွေးစုတ်နေတဲ့ မျက်နှာလေးနဲ့ ရှိနေတဲ့ ငါးနှစ်အရွယ် ကလေးလေးတစ်ယောက် လည်းရှိနေတယ်..... မိုးကသည်းထန်းစွာရွာသွန်းနေတဲ့အပြင် လျှပ်စီးတွေလက် မိုးကြိုးတွေပစ်နေပြီး မိုးနှင့်အတူ လေပြင်းတွေက မညှာမတာ တိုက်ခတ်နေကြတဲ အသံတွေက အခုချိန်မှာ ဒီမြင်ကွင်းကို ကြည်နေတဲ့ ကလေးတစ်ယောက်အတွက်တော့ ဝိဉာဥ်တွေအော်နေသလို ခံစားနေမှာ မလွှဲပေ...... လေတိုးသံ မိုးခြိမ်းသံ လျှပ်စီးတွေလက်နေပြီး သွေးတွေနဲ့ သေဆုံးသွားတဲ့လူတစ်ယောက် ဒါတွေကကလေးတစ်ယောက်ရဲ့ နှလုံးသားကို စိတ်ဒဏ်ရာတွေ ရစေနိုင်တာ သေချာလျက်ရှိနေနိုင်ပါတယ်..... သာမန်လူတောင် လူသေရင် ကြောက်ရွံသွားနိုင်တဲ့ အရာကို နုနယ်တဲ့ ကလေးဆိုရင်.....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...