အပိုင်း (73)
မနက်ခင်းနေခြည်နုနုလေးအောက်မှာ ကိုယ်ချစ်မြတ်နိုးတဲ့ သူရဲ့မျက်နှာကို ငေးကြည့်ရတဲ့ အရသာကို Yiboဘယ်အရာနဲ့မှ မလဲနိုင်ဘူးလို့ထင်မိတယ်.... သူချစ်ရတဲ့ ယုန်ပေါက်လေးက သူဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်လိုမျိုး အပြစ်ကင်းစင်နေတယ်.... ညကသူ သဝန်တိုစိတ်တွေများပြီးတော့ ယုန်လေးကို သူနာကျင်အောင်လုပ်မိလိုက်တယ်... ဒါကလည်း သူယုန်လေးကို ချစ်လွန်းလို့ ဖြစ်သွားမိတာလေ.... သူမရ သူကို ယုန်လေးစိတ်ဆိုးနေရင်တောင် သူရအောင်ပြန်ပြီး ချောမယ်... ဒါပေမဲ့ သူနားက ထွက်သွားမယ် ဆိုရင်တောင်တဲ့နည်းနဲ့ ယုန်လေးကို တားမှာဖြစ်သည်.... သူယုန်လေးကို သူအပိုင်းလို့ သတ်မှတ်လိုက်ရတဲ့ အတွက် သူဘယ်နည်းနဲ့မှ နောင်တရမည်မဟုတ်ပေ.... ပြီးတော့ သူနားကနေ ယုန်လေးကိုထွက်သွားခွင့်ပေး မှာမ ဟုတ်ဘူး.... သူ မျက်နှာနုနုလေးကို ငေးကြည့်နေတုန်းမှာပဲ ယုန်လေးကိုယ်လုံးလေး လှုပ်လာပြီးတော့ မျက်တောင်ဖျားလေးတွေလှုပ်လာတော့တယ်.... ယုန်လေးကို တစ်ချိန်လုံး မျက်တောင်မခတ်စတမ်း ကြည့်နေတာကြောင့် ချစ်စရာအမူအရာလေးတွေကို မြင်နေရတော့တယ်.... ကိုယ်ချစ်ရတဲ့ သူလေးရဲ့ မြတ်နိုးစရာလေးတွေကို ကြည့်နေရတာ အရမ်းကို တန်ဖိုးရှိတဲ့ မနက်ခင်းလေးတစ်ခုဆိုတာ ပြောပြနေစရာမလိုတော့ပေ... သူငေးနေတုန်းမှာပဲ မျက်ဝန်းလှလှလေးတွေပွင့်လာတော့တယ်..... Yiboမြတ်နိုးလွန်းလို့ ဖက်ပြီး နမ်းချင်စိတ်ကို မနည်းသီးခံထားရတယ်... ညက ကိစ္စအတွက်ပါရောပြီးတော့ သူကိုစိတ်ဆိုးသွားမှာလည်း ကြောက်ရသေးတယ်လေ.... ရှောင်ကျန့်မျက်လုံးဖွင့်လိုက်တာနဲ့သူကို ကြည့်နေတဲ့ Yiboကြောင့် လန့်သွားမိတယ်.... ရှောင်ကျန့် နောက်ဆုတ်လိုက်ပြီး အမြန်ထလိုက်မိတော့ ခါးအောက်ပိုင်းက နာလာတာကြောင့် ငြိမ်သွားမိတယ်... ငြိမ်သွားတဲ့ ယုန်လေးကို ခါးလေးကနေ သူဆက်ကနဲ ဆွဲပွေ့လိုက်တော့... သူရင်ခွင်ထဲကို အ ရုပ်ကလေး ပြုတ်ကျလာတော့ သူပွေ့ထားလိုက်တော့... ယုန်လေးက သူရင်ခွင်ကနေရုန်းတော့ သူလွှတ်မပေးပဲ ဖက်ထားရင်းနဲ့ ယုန်လေးရဲ့ လည်ဂုတ်လေးဖြူဖြူလေးကို ဖွဖွလေးနမ်းလိုက်တော့ ကိုယ်လေးတုန် သွားတာကြောင့် သူပြုံးလိုက်မိတယ်....သူကို မျက်နှာချင်းဆိုင်တောင်မကြည့်ပဲ ခေါင်းလေးငုံပြီး အရမ်းရှက်နေတဲ့ ယုန်လေးကို ကြည့်ပြီးတော့ နားလေးနားကပ်ပြီးတော့....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...
