နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.7K 97 2
                                        

အပိုင်း (31)

ကျူးသခင်လေး ရှောင်ကျန့်နားကို မရောက်ခင် သူယုန်လေးရဲ့ရှေ့မှာကာပြီ ရပ်လိုက်ကာ ခပ်မဲ့မဲ့ အပြုံးတစ်ခုဖြင့် ကြည့်ပြီး.....

"ကျူးသခင်လေး ခင်ဗျာကို ကြည့်ရတာ တစ်ခုခုအကြာင်းရှိတဲ့ ပုံစံနဲ့ ဒီနေ့ရှောင်ကျန့်အပေါ် တစ်ခုခုမဟုတ်တာလုပ်ဖို့ ကြံ ရွယ်နေတာလား.... ခင်ဗျားသူကိုမေးလို့ သူက ခင်ဗျာနဲ့ အ တူတူနေချင်တယ်ဆိုရင်တောင် ကျွန်တော်က သူကို ခင်ဗျားနောက်ကို ခေါ်သွားလိုက်ပါဆိုပြီး ထည့်လိုက်မယ်လို့များ ထင်ထားတာလား.... ခင်ဗျားက ကိုယ်ကိုကိုယ် အထင်အရမ်းကြီး တာပဲ...... ဘယ်သူမှ ခင်ဗျားကို မလွန်ဆန်နိုင်ဘူးထင်နေလား..... ဒီခရီးကို မသွားခင်အချိန်ထဲက ရှောင်ကျန့်လေးရဲ့
အမေဆီကနေ သူသားလေးကို စောင်ရှောင့်ပေးဖို့ ပြောထားပြီးသား.... သူသားကို ကျွန်တော်ပါလို့ထည့်လိုက်တာ စိတ်မချလည်း မချချင်စရာပဲ အနိုင်ကျင့်ဖို့ချောင်းနေတဲ့ သူတွေက အများကြီးပဲ...... ကျူးသခင်လေး ခင်ဗျား မယုံရင် အန်တီကို ဖုန်းဆက်ပြီးမေးကြည့်လို့ရတယ်နော်.... ကျွန်တော်က အခုလောလောဆယ်မှာ ရှောင်ကျန့်ရဲ့ ဘယ်ကိစ္စမဆို သူအ တွက် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်..... ကျွန်တော်ဘက်က ပြောစရာကုန်ပြီ ဒီနားကအရမ်းအေးနေတော့ ရှောင်ကျန့်ပြန်ပြီးနေမကောင်း ဖြစ်လိမ့်မယ်.... ဒါကြောင့် အခန်းထဲခေါ်သွားလိုက်ဦးမယ်....."

သူနဲ့ ကျန်းထိုက်လျာကိုကြည့်ပြီး ပြတ်သားစွာ ပြောချပြီးတော့.... ဆိုဖာပေါ်က ရှောင်ကျန့်ကို နိုးသွားမှာ စိုးရိမ်တဲ့ ပုံစံလေးနဲ့ ခပ်ဖွဖွ ပွေ့ချီလိုက်တဲ့ Wang Yiboရဲ့ ပုံစံကို သူကော ကျန်းထိုက်လျာတို့ပါ တွေ့နေရတာကြောင့် သူတို့နှစ်ယောက်ရဲ့ ရင်တွေမပြောပေမဲ့ ပူလောင်နေကြတယ်...Yibo ကတော့ သူတို့နှစ်ယောက်ကို တချက်တောင်လှည့်မကြည့်ပဲ ဂရုမစိုက်စွာနဲ့ ရှောင်ကျန့်ကို ပွေ့ချီပြီး ခေါ်သွားတော့တယ်.... Yibo အခန်းလေးထဲရောက်တော့ နှစ်ယောက်အိပ်ကုတင်လေးထက်ကို ယုန်လေးမနိုးအောင် ဖွဖွလေးချလိုက်တယ်..... တစ်ချက်လောက်လှုပ်သွားတဲ့ ယုန်ပေါက်လေးနိုးသွားမှာ စိုးလို့သူပြန်သိပ်လိုက်တယ်.... ပြန်ပြီး အိပ်ပျော်သွားတဲ့ က လေးငယ်ကို မြတ်နိုးစွာကြည့်ပြီးတော့ အိပ်ပျော်နေတဲ့ကောင်လေးမကြားမှန်သိပေမဲ့......

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now