အပိုင်း (65)
ဆေးရုံအပြင်ဘက်ရောက်မှ ကျန်းထိုက်လျာက သက်ပြင်းချပြီးတော့ မတ်တပ်ရပ်လိုက်တော့တယ်....အခုမှ အသက်ရှုရတာချောင်တဲ့ပုံစံလုပ်နေတော့တယ်... သူမကိုများ လာပြီးပြန်မကောင်းနိုင်တော့တဲ့ သူသားကိုလာပြီးပေးနေတယ်... Yi boကို ကြိုက်တာမှန်ပေမဲ့.... ဒီလိုနေမကောင်းဖြစ်နေတဲ့လူ မာမာကြီးတစ်ယောက်ကို ပြုစုနေရမယ်ဆိုရင် ဘယ်တော့မှာ လုပ်မှာမဟုတ်ပေ... သူမက ရှူးနေတာမဟုတ်ပေ သူမရုပ် ရည်နဲ့ ဆိုရင်ကြိုက်တဲ့ သူကိုခေါင်း ခေါက်ပြီး ရွေးလို့ရတယ်လေ.....ဘာကြောင့် သူမကို ပျော်ရွှင်မှုမပေးနိုင်တဲ့ သူကို စိတ်ရှုပ်ခံနေရမှာလဲ.... ရှောင်ကျန့်ဆိုတဲ့ ရှင်ချစ်နေတဲ့ သူကိုသာအနားမှာ ခေါ်ထားလိုက်ပေါ့.... အဲ့ဒီရှောင်ကျန့်ဆိုတဲ့ ငတုံးသာ လက်ခံမယ်ဆိုရင်တော်တော်လေး ဦးနှောက်မရှိလို့ပဲဖြစ်လိမ့်မယ်.....သူမကတော့ တစ်သက်လုံး သတိမရနိုင်တဲ့ သူကို မယူနိုင်တော့ဘူး စွန့်လွှတ်လိုက်တော့မယ်..... ဆေးရုံရှေ့မှာရပ်ပြီးပြုံးပြီးတွေးနေတဲ့ ထိုက်လျာကို ကြည့်ပြီး....
"ဟဲ့ ..... သမီးလေးထိုက်လျာဘာဖြစ်လို့လဲ ကားပေါ်တက်လေ သွားရအောင် ဒီလောက်တွေးနေတာ ဘာအကြောင်းလဲ Wang သခင်ကြီးက တစ်ခုခုပြောလို့လား.... ဒါမှမဟုတ်တစ်ခုခုမေ့နေခဲ့လို့လား Yiboလေးအကြောင်းတောင် ဘာမှ မသိခဲ့ရဘူး...."
အကြောင်းမသိသေးစွာပြောနေတဲ့ မာမီလေးကိုကြည့်ပြီးတော့.....
"အဲ့ဒီYiboအကြောင်းကြောင့်ပဲ ထွက်လာခဲတာလေ Wang သခင်ကြီးက သမီးကို Yiboကို စောင့်ရှောက်ပေးနိုင်မလားတဲ့လေ....."
သမီးဖြစ်သူစကားကို ကြားတော့ သူမစိတ်ဝင်စားသွားပြီးတော့.....
"သမီး ထိုက်လျာ ဘာပြောလိုက်လဲ..... သမီး Yiboကို ကြိုက်နေတာနဲ့ အတော်ပဲပေါ့.... သမီးလက်မခံလိုက်ဘူးလား....."
သူမ လန့်သလိုပုံစံလုပ်ပြလိုက်ပြီးတော့....
"အမလေး မာမီလေးက ဘာမှမသိသေးတော့ ဒီလိုမေးနိုင်တာပေါ့.... Yiboက တစ်သက်လုံးတောင် ပြန်သတိရချင်မှ ရတော့မှာတဲ့....အဲ့ဒါကြီးကို သမီးက လက်ခံရမလား.... အခုမှ သမီးဆီးကို လာပြီးထိုးထည့်နေတာလေ..... Wang သခင်ကြီးက သူပြောတာကိုများ သမီးက ဝမ်းသာအားရ လက်ခံမယ်ထင်နေလားမှ မသိတာ... သမီးကတော့ လုံးဝပဲအရှင်လတ်လတ်လူကိုပဲ ယူချင်တာလေ..... အိပ်ယာထဲလဲနေတဲ့ သူကိုဘယ်သူက ယူမှာလဲနော်..... မာမီလေရဲ့ တော်သေးတယ်.... အပြေးမြန်လို့ပေါ့ ဟင်းဟင်း....."
![](https://img.wattpad.com/cover/263237384-288-k442136.jpg)
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...