အပိုင်း (88)
Yiboက သူကို စာကြည့်ခန်းထဲ စကားပြောရန်ခေါ်တာကသေချာပေါက် အရေးကြီးကိစ္စ တစ်ခုခုပြောဖို့ဆိုတာ ကျန်းသခင်ကြီးက သဘောပေါက်လိုက်တာကြောင့် အကျိုး အ ကြောင်း ဘာမှ သူထပ်ပြီးတော့မမေးနေတော့ပဲ Yibo အား...
"အင်း.... သွားကြမယ်လေ... အန်ကယ်လည်းမင်းနဲ့တချို့ အကြောင်းအရာလေးတွေကို နည်းနည်းပြောစရာရှိသေးတယ်...."
Yiboက ကျန်းသခင်ကြီးကို ခေါင်းငြိမ့်ပြလိုက်ပြီးတော့... မားနားမှာ ငြိမ်ပြီးထိုင်နေတဲ့ သူယုန်လေးကို တစ်ချက်လောက်ကြည့်လိုက်ပြီးမှ အဘွားဖြစ်သူဖက်လှည့်ပြီးတော့....
"အဘွားသားခဏသွားလိုက်ဦးမယ်... ဘွားတို့ရော အန်တီရော အေးဆေးလွတ်လွတ်လပ်လပ်နားနေနော် သားခဏ လိုက်သွားလိုက်ဦးမယ်နော်..."
သူအဘွားတို့ကို မှာလိုက်ပြီးတော့ သူကျန်းသခင်ကြီးနောက် လိုက်သွားတော့တယ်... စာကြည့်ခန်းထဲရောက်တော့တံခါးကို လော့ချလိုက်ပြီးမှ...
"အန်ကယ်ထိုင်ပါ.... "
"အင်း.... သား..."
သူပြောမှ ဝင်ထိုင်လိုက်တဲ့ ကျန်းသခင်ကြီးကို....
"ကျွန်တော်သီးသန့်ဆွေးနွေးဖို့ တစ်ယောက်ချင်းခေါ်တာ အန်ကယ်စိတ်မဆိုးပါနဲ့... ကျွန်တော်ပြောချင်တာက ရှောင်ကျန့်လေးနဲ့ သက်ဆိုင်နေတာကြောင့် မပြောဖြစ်လို့ပါ... ပြီးတော့ ဒီအကြောင်းအရာက တခြားသူတွေရှေ့မှာ ပြောဖို့ဆိုတာအဆင်မပြေဘူးလေ...."
"ရပါတယ် အန်ကယ်ကို အရမ်းကြီး ရှင်းပြနေစရာမလိုပါဘူးပြီးတော့ တစ်ခြားသူကိစ္စာမှ မဟုတ်တာ သားလေး ရှောင်ကျန့်ရဲ့ ကိစ္စဖြစ်တာကြောင့် နားလည်တယ်ပြောပါ.... သားပြောစရာရှိတာ အန်ကယ်ကို ပွင့်ပွင့်လင်းလင်းပြောပါ အားနာစရာမလိုဘူးနော်... ပြီးတော့ သားကြောင့် အန်ကယ်ရဲ့ ဇနီးနဲ့ သားအကြောင်းကို သိခွင်ရတာပါ... မဟုတ်ရင် အန်ကယ်ဘယ်လောက်တောင် အလိမ်ခံထားရမလဲမသိဘူး.... ယောင်္ကျားတစ်ယောက်ဖြစ်ပြီး အလိမ်ခံရတာ ရှက်ဖို့အရမ်းကောင်းလွန်းတယ် ပြီးတော့ အခံရခက်လွန်းတယ်...."
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanficမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...