အပိုင်း (52)
ပြေးထွက်သွားတဲ့ ချင်ကျစ်ရဲ့ ကျော်ပြင်ကိုကြည့်ပြီး သူက တော့ ထိုနေရာမှပဲ မလှုပ်မရှက်ရပ်ပြီးကျန်ရစ်ခဲ့တော့တယ်... သူရင်ထဲမှာလဲ ဟာတာတာနဲ့ နာကျင်ပြီးကျန်ရစ်ခဲ့တော့တယ်... ဒါပေမဲ့ အခုကိစ္စကိုဒီလိုဆုံးဖြတ်တာ သူမှန်တယ်လို့ထင်... ချစ်တာနဲ့ပဲ သူဒီလိုကိစ္စတွေကိုတော့ အလျော့မပေး
နိုင်ပေ...."ဟုတ်တယ်... ငါမမှားဘူးလုံးဝ မမှားဘူး ငါရဲ့ ဆုံဖြတ်ချက် တွေမှန်တယ်.... သူမက အပြစ်လုပ်တဲ့သူလေ ငါက ခံစားပြနေရင် ရှက်စရာကောင်းတယ် လူတွေငါနောက်ကွယ်မှာ မကောင်းပြောကြလိမ့်မယ် ဒီလိုတော့အဖြစ်မခံနိုင်ဘူး.. "
သူကို စိတ်ကိုတင်းထားရင်းကနေပြီး မာမီကိုကြည့်လိုက်ပြီးတော့ မာမီရဲ့ ရင်ခွင်ထဲကို ကလေးတစ်ယောက်လိုခေါင်းလေးဝင်ပြီးတော့ ငိုနေမိတယ်... သူကို နားအလည်းဆုံးက မာမီပဲရှိတယ်လေ... သူငိုတော့ မာမီက ခေါင်းလေးကို အသာလေးပွတ်ပေးပြီးတော့ နားလည်စွာနဲ့....
"သား ဘာမှမဖြစ်ဘူး အရမ်းကို နာကျင်နေရတာ မာမီနား လည်တယ် ဒါပေမဲ့သား စွန့်လွှတ်ပစ်သင့်သူကို စွန်လွှတ်ပစ်သင်တယ် မစွန့်လွှတ်ပဲ ဖမ်းဆုတ်ထားတာက သားအတွက် ပိုပြီးခံစားရလိမ့်မယ်.... သား ဒီလိုဆုံးဖြတ်တာအရမ်းကောင်းတယ် လုံးဝမမှားဘူး.... ဒီလိုမိန်းမမျိုးကို ဒီလိုမောင်းထုတ်တာက အရမ်းကောင်းတယ်.... သားမကြာခင် သားရဲ့ နာ ကျင်နေတဲ့ ရင်တွေ သက်သာလာပါလိမ့်မယ် မာမီပြောတာနားထောင်နော်.... "
"ဒါပေမဲ့ မာမီရယ် သားသူကို အရမ်းချစ်တယ်မာမီရယ် အခု သားရင်ထဲမှာ အပ်နဲ့ ထိုနေသလိုပဲ တဆစ်ဆစ်နာကျင်ရတယ်သိလား....သူသားကို လုပ်ရက်တယ် မာမီရာ လုပ်ရက်တယ် ဒီလောက်ချစ်ပေးခဲ့တာကို သားအပေါ်ဘာလို့ ဒီလိုလုပ်ရတာလဲကို နားမလည်နိုင်ဘူး မာမီရယ်..... သားနောက်ထပ် ဘယ်သူကိုမှ ထပ်ချစ်တော့မှ မဟုတ်တော့ဘူး သားရဲ့ နှလုံးသားက သူမနဲ့အတူ ပါသွားပြီး မာမီရယ်...."
"သားရယ်.... မာမီ သနားလိုက်တာကွယ် ကလေးရယ် စိတ်မကောင်းပါဘူးကွယ်...... သားလေးကို သနားလွန်းလို့ မာမီလည်း သားနဲ့ ထပ်တူထပ်မျှ ခံစားရပါတယ်ကွယ်.... ဟင့်ဟင့်... "
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...