အပိုင်း (28)
ကျူးသခင်လေးက အတင်းဆွဲခေါ်နေတာမို့ ရှောင်ကျန့်လက် ကောက်ဝတ်က နားလာတာကြောင့် ရုန်းလိုက်တယ်.....
"အ.... ကျွန်တော်လက်ကိုလွှတ် နာတယ်...."
လွှတ်မပေးတဲ့ အပြင် လက်ကိုပိုပြီး တင်းကြပ်အောင် ကိုင်လိုက်ပြီးနောက် ကျူးသခင်လေးက သွားနေရာကနေ ရပ်ပြီးတော့ ကျန်ကျန့်ကို ကြည့်ပြီးတော့....
"မင်း.... ငါကိုရှောင်ဖို့ကြိုးစားနေလည်း အပိုပဲနော် သိပ်မကြာခင်မှာ မင်းနဲ့ ငါလက်ထပ်ရတော့မယ်...... ပြီးတော့ခရီးထွက်တာလည်း ငါစကားနားထောင်ရမယ်..... ငါက မင်းရဲ့ အုပ်ထိန်းသူပဲ ငါလုပ်သမျှကို မင်းလက်ခံရမယ်..... မင်းမှာ
လုံးဝ ငြင်းပိုင်ခွင့်မရှိဘူး.... လာခဲ ကားပေါ်ကလူတွေကို ငါတို့ အကြောင်းမသိစေချင်ရင် အခုငါ့ဘေးမှာ လာထိုင်လိုက်စမ်း.... မင်းမထိုင်ရင် ဒီနေရာမှာ နမ်းပစ်မယ်.... လုပ်ရဲရင် လုပ်ကြည့်လိုက် လူတွေအားလုံးရှေ့ အနမ်းမခံချင်ရင် ထိုင်လိုက် ရှောင်ကျန့် နောက်တစ်ခွန်း ထပ်ပြီး မပြောချင်ဘူး...."နှစ်ယောက်ကြားရုံလေသံနဲ့ တိုးတိုးလေးကပ်ပြီး ရှောင်ကျန့် ကို ချိန်းခြောက်လိုက်တယ်....... ဒီကောင်လေးက အရှက်အ ကြောက်ကြီးတာ သူသိပြီးသား ဖြစ်နိုင်ရင် ဒီခရီးမှာ သူရှောင်ကျန့်ကို သူ့အပိုင်ဖြစ်အောင် လုပ်ရမယ်..... မဟုတ်ဘူးပိုင်ဆိုင်ကို ပိုင်ဆိုင်မှဖြစ်မှာ ဒီကောင်လေးကသူစကားကို လုံး ဝနားမထောင်ဘူး နားထောင်လာအောင် အပြစ်ပေးရမယ်....
အခုအချိန်က သူအတွက်အခွင့်အရေးဖြစ်တာကြောင့် သူဘယ်လိုနည်းနဲ့မှ လက်လွတ်ခံမှာမဟုတ်ပေ.... နောက်တစ်ချက်က ဒီကုမ္ပဏီက ချမ်းသာတဲ့သူများတာကြောင့် ရှောင်ကျန့်လို ဆင်းရဲသားကို ဘယ်သူမှ ဂရုစိုက်ပြီး သတိထား အ ရေးလုပ်မှ မဟုတ်ပေ...... သူအတွက် အဆင်ပြေမဲ့ ခရီးတစ်ခုဖြစ်မှာ သေချာနေပြီးသာလေ......"ရှောင်ကျန့်..... "
ခေါ်သံကြောင့် သူပါလှည့်ကြည့်လိုက်မိတယ်.....ဘယ်သူကများ ရှောင်ကျန့်ကိုခေါ်တာလဲ သိချင်တာလည်းပါတာကြောင့် သူပါ လှည့်ကြည့်လိုက်တော့......
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...