အပိုင်း (77)
ပြဿနာဖြစ်တာ တစ်ပတ်လောက်ရှိနေပြီ ရှောင်ကျန့်ရဲ့ အမေဆိုတဲ့ သူလည်း DNAစစ်မယ်လို့ပြောလိုက်တာနဲ့ အခုထိအရိပ်ယောင်တောင်မလာတော့ပေ... Yiboလည်း ရှောင်ကျန့်ကိုတစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချလို့ အလုပ်မသွားခဲ့ပေ...
"ကျန်ကျန့် ကိုယ်ဒီနေ့အပြင်ခဏသွားလိုက်ဦးမယ်နော်... တစ်ယောက်တည်းနေလို့ အဆင်ပြေရဲ့လား... တစ်ခုခုဆို ကိုယ်ကို ဖုန်ဆက်လိုက်နော် မကြာဘူး ဒီအလုပ်က ကိုယ်မလုပ်ရင်မဖြစ်လို့နော်...."
"Yibo သွားစရာရှိတာသွားပါ စိတ်မပူနဲ့ ကျွန်တော်အဲဒီလောက် မပျော့ညံပါဘူး...."
"ကိုယ်သိတယ် ဒါပေမဲ့စိတ်မချနိုင်တာ သိရဲ့လား.... ဒါဆို ကိုယ်မသွားတော့ဘူးလေ....."
"သွားပါဆို ဘယ်လိုဖြစ်နေတာလဲ ကျွန်တော်စိတ်ဆိုးလာပြီနော်.... မခေါ်တော့ဘူး...."
သူကို စိတ်ကောက်နေတဲ့ ယုန်လေးကို ကြည့်ပြီးတော့ သူရယ်မိတယ်....
"ဒါဆို ကျွန်တော်သွားတော့မယ်နော် စားချင်တာရှိရင် ဖုန်ဆက်လိုက်နော်...."
ထွက်သွားတဲ့ Yiboနောက်ကျော်ကို ငေးကြည့်ရင်း ပြုံးနေမိတယ်... ကြည့်ရတာ ဒီနေ့အလုပ်ကိစ္စအရေးကြီးတယ်လို့ ဖုန်းပြောနေသံ ကြားတာကြောင့် Yiboလည်း သူကို စိတ်မချနိုင်စွာနဲ့ တစ်တွတ်တွတ်မှာရင် အပြင်ကိုထွက်သွားမှန်းသူသိတယ်... သူထိုင်နေတုန်းမှာပဲ ဧည့်ခန်းထဲကို အသက်ကြီးကြီး မိန်းမကြီးတစ်ယောက်နဲ့ လူကြီးတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရတယ်... သူတို့က ပုံစံက အသက်ကြီးပေမဲ့ ထက် မြက်မှုတွေက မျက်နှာပေါ်မှာ ကျန်နေသေးတာကို တွေ့နေသေးတယ်.... သူမတို့နောက်မှာထပ်ပြီဝင်လာတာက ကျန်းထိုက်လျာနဲ့ ကျင်းလန်ဖုန်းတို့အပြင် သူရဲ့မားလို့ပြောတဲ့ မိန်းမနဲ့ သူမရဲ့ အဖော်နှစ်ယောက် Yiboရဲ့ မိထွေး ထိုက်လျာရဲ့ မိဘတွေပါ ပါလာကြတော့တယ်.... ဒါအပြင် သူတို့နောက်ကနေ နောက်ဆုံးဝင်လာတာကတော့ လူမိုက်ပုံစံ လူ ကြီးနှစ်ယောက်ကိုတွေ့လိုက်ရတော့တယ်... ခြံစောင့်ကြီးက တော့ သူကိုတောင်ပန်သလိုပုံစံနဲ့ ရှောင်ကျန့် ကို ကြည့်လာတာကိုတွေ့လိုက်ပေမဲ့ ရှောင်ကျန့်မပြုံးနိုင်တော့ပေ...ဒါပေမဲ့ လူကြီးသူမတွေ ပါလာတာကြောင့် သူမတ်တပ်ရပ်ပြီး ကြိုဆိုလိုက်တော့တယ်..... တစ်ဖက်က သူကို ရိုင်လိုက်တာလို့ မမြင်စေချင်တာကြောင့် ဖြစ်သည်.... ထိုအဘွားကြီးနဲ့ အဘိုကြီးက Yiboအဘိုးနဲ့ အဘွားတောင် ဖြစ်နေနိုင်တာကြောင့်ဖြစ်သည်.... အသက်အကြီးဆုံးမိန်းမကြီးက....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...