အပိုင်း (84)
ကျွန်တော်အထူးတလည်မိတ်ဆက်ပေးဖို့မလိုတော့ပေမဲ့ တ ရားဝင်တော့ ပြောရမယ်လို့ထင်တယ်... ကျန်းထိုက်လျာက ကျင်းသခင်ကြီးနဲ့ရတဲ့ သမီးတစ်ယောက်ပဲပေါ့.... ဒီမှာက သူမနဲ့ ကျင်းသူဌေးတို့ရဲ့DNAစစ်ဆေးထားတဲ့ ရလဒ်ပါ... စာရွက်စာတမ်းနဲ့သက်သေ အခိုင်အလုံဖြစ်ပြထားတာပါ... လင်လုံမိန်းက သူမရဲ့ သမီးကို ကျန်းသခင်ကြီးရဲ့ ကလေးနေရာကို အစားထိုးလိုက်တယ်.... ကျန်းသခင်ကြီးရဲ့ သမီးဆိုပြီးတော့ လုပ်တယ်... နောက်ပိုင်း ကျန်းသခင်ကြီးရဲ့ ယုံ ကြည်မှုကို ရအောင်ယူပြီးတော့ကျန်းကတော်ဖြစ်လာတယ်... ကျန်းသခင်ကြီး မိန်းမအနေနဲ့ အမွေတွေကိုရအောင်ကြံစည်လိုက်တယ် ကျန်းသခင်ကြီးရဲ့ ပစ္စည်းတွေကို သူရဲ့ သားသမီးတွေပေးရင်တောင် အခုလက်ရှိ ကျန်းထိုက်လျာကပဲ အကုန်ရမှာလေ... သူမ မရပေမဲ့လည်း သူမရဲ့သမီးကရမှာဆိုတဲ့စိတ်နဲ့ အေးဆေးလေးနေနေတာလေ... အဲ့ဒီအချိန်မှာ ချင်ကျစ်ရဲ့ အစ်ကိုက ခင်ဗျားအကြောင်းကိုစုံစမ်းနေတာကို လူသတ်သမား သုံးယောက်က သိသွားပြီး သူတို့ကလည်း ခင်ဗျားအကြောင်းကို မပြောစေချင်ရင် နှုတ်ပိတ်ခငွေထပ်ပေးဖို့တောင်းဆိုးလာခဲ့တယ်... ခင်ဗျားက သူတို့ကို ငွေမပေးချင်ဘူး နောက်ပိုင်းပိုက်ဆံတွေထပ်တောင်းလာမှာကို မလို လားလို့ စိတ်ညစ်နေတဲ့ အချိန်မှာ ကျင်းသူဌေးနဲ့ပြန်ပြီး တွေ့ခဲ့တယ်လေ.... ကျင်းသူဌေးကလည်း စီးပွားပျက်နေတဲ့အချိန်ပေါ့...""မဟုတ်ဘူး.... ဘာလို့ကျင်းသူဌေးနဲ့တွေ့ရမှာလည်း မတရားစွတ်ဆွဲ ပြီးချောက်ချနေကြတယ်.... နင့်တို့ ဒီလို လျှာမှာအရိုးမရှိတိုင်းပြောနေကြတာနဲ့ပဲ ငါ့ကို ဖမ်းနိုင်မယ်ထင်နေလား.... ဟင်းဟင်း.... လောကကြီးမှာ ကောက်ကျစ်တဲ့သူနဲ့ သန်မာတဲ့သူတွေပဲ အသက်ရှင်နေကြတာ အသုံးမကျတဲ့သူကတော့ သေမှာပဲ...... ငါ့ကတော့ ဒီနေရာကနေလုံးဝ မဆင်းပေးနိုင်ဘူး... ငါ့ကိုဘယ်သူကမှ ကျရှုံးအောင်မလုပ်နိုင်ဘူး Wang Yibo မင်းရောပဲ ဟင်းဟင်း......."
အရှုးတစ်ယောက်လို အော်ဟစ်နေတဲ့ သူမကို ဝိုင်းကြည့်နေကြတာကလွှဲပြီးတော့ ဘာမှဝင်မပြောကြပေ... ကျန်းသခင်ကြီးကတော့ မျက်နှာပြောင်တိုက်လွန်းတဲ့ မိန်းမကိုကြည့်ပြီးတော့....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...