နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1K 58 9
                                    

အပိုင်း (83)

သူယုန်လေးကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဘယ်သူအတွက်ပဲ ဖြစ်ဖြစ် မျက်ရည်မကျစေချင်ပေ... အခုသူနားရှိနေတဲ့အချိန်မှာ အားလုံးကိုမေ့ပြီးပျော်စေချင်သည်... သူခေါင်းလေးကိုသတ်ပေးတော့ မျက်လုံးလေးပြူးပြီးတော့ သူကိုကြည့်လာတာကြောင့် သူပြုံးပြပြီးတော့ ယုန်လေးရဲ့နားလေးနားကိုတိုးကပ်ပြီးတော့ နှစ်ယောက်တည်းသာကြားနိုင်တဲ့ လေသံလေးဖြင့်....

"မငိုနဲ့... တခြားသူတွေအတွက်နဲ့ ကိုယ်မင်းကို ရည်မကျစေချင်ဘူးရှောင်ကျန့်... မင်းမျက်ရည်ကျရင် ကိုယ်ဒေါသတွေ ထွက်ပြီး လူသတ်ချင်စိတ်တွေပေါ်လာတယ်သိလား ဒါကြောင့်မျက်ရည်မကျပါနဲ့နော်... အခုထပ်ငိုနေရင် လုပ်တော့မယ်နော် ရှောင်ကျန့်.... ကိုယ်မလုပ်နိုင်ဘူးထင်နေလား မင်းအတွက်နဲ့ ကိုယ်အချစ်ဆုံး အဖွားကိုတောင်ရင်ဆိုင်ရဲတယ်နော်...."

ရှောင်ကျန်လက်ကလေးကို ကြင်နာစွာ ဆုတ်ကိုင်လိုက်ပြီး သူ
ပြောမိတယ်... သူတို့နှစ်ယောက် တိုးတိုးနဲ့ ပြောနေတာကို အ ဘွားဖြစ်သူကလှမ်းကြည့်နေတာကို Yiboက အဘွားဖြစ်သူဘက်ကြည့်တာနဲ့ အကြည့်ချင်းသွားပြီး ဆုံတာကြောင့်အ ဘွားက သူကို အမြင်ကပ်စရာပဲဆိုတဲ့ အကြည့်နဲ့ မျက်စောင်း ထိုးလိုက်တာနဲ့ကြုံးတာမို့ သူပြုံးပြီးတော့ သူနဲ့အဘွားနှစ်ယောက်တည်းသိတဲ့ ပုံစံနဲ့ ချစ်လွန်းတာကိုဆိုတဲ့ သဘောနဲ့ လုပ်ပြလိုက်မိတယ်.... မြေးလေးက ငယ်ငယ်လေးထဲက သူမလက်ပေါ်မှာပဲကြီးပြင်းအောင်ထိန်းလာတာကြောင့် မြေးလေးပျော်ရွှင်နေတာကို ပြောစရာမလိုအောင် သူမ သိတယ်... သူ မ ပြောမဲ့သာပြောတာ ခုနက ကျန်းထိုက်လျာရဲ့ ပုံစံအမှန်ကိုတွေ့လိုက်တာကြောင့်သူမနည်းနည်းတော့ လန့်သွားမိတယ်... နူညံတဲ့မိန်းကလေးတစ်ယောက်က ဒီလောက်ထိကြမ်းတမ်းတဲ့ စကားတွေပြောလာလောက်တာတော့ မကြမ်းတမ်းလောက်ပေ သေချာတာက သူမက သိမ့်မွေ့ချင်ယောင်ဆောင်နေတာသာဖြစ်လောက်မယ်.... ဒါကြောင့်သူမ မြေးဖြစ်သူကို စိတ်မဆင်းရဲစေချင်တော့ပါ.... အခုစပြီး သူမမြေးလေးရဲ့ ကိစ္စကို ထပ်ပြီးမပါဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်မိတယ်... မြေးစိတ်တိုင်ကျရွေးချယ်ပါစေတော့... သူမ ဝင်ပါခဲ့လို့ အခုတော့ သား ဖြစ်သူရဲ့ အိမ်ထောင်ရေးကို စွတ်ဖက်မိလို့ ပြဿနာတက်လာတာဖြစ်သည်... Yiboအမေဆုံးပြီးတော့ အဲ့ဒီမိန်း ကလေးကို သားဖြစ်သူကို လက်ထပ်ဖို့ဖိအားပေးခဲ့တာကြောင့်အခုလို ပြဿနာတွေနဲ့ကြုံတော့ သားကို သူမဘယ်လိုမျက် နှာမျိုးနဲ့ မျက်နှာချင်းဆိုင်ရတော့မလဲတောင် မသိပေ... ပြီးတော့ သားဖြစ်သူရဲ့အိမ်ထောင် ရေးလိုမျိုး မြေးလေးရဲ့ အိမ် ထောင်ရေးကိုသူမကြောင့်နဲ့ ထပ်ပြီးဆုံးဖြတ်ချက် မမှားစေချင်တော့ပေ... မြေးလေးပျော်နေတာကိုပဲ သူမ မြင်စေချင်တာကြောင့်ဖြစ်သည်... မြေးလေးချစ်တဲ့သူကို သူမချစ်နိုင်အောင် ကြိုးစားရမည်သာ.... သူမတကယ်တော့ ရှောင်ကျန့်ဆိုတဲ့ ကောင်လေးကို သူမအခုမှ သေချာကြည့်မိတာက အ ရမ်းချစ်ဖို့ကောင်းတာ ဝန်ခံပါတယ်.... အဲ့ဒီလိုအရမ်းချစ်ဖို့ကောင်းလွန်တာကြောင့်လည်း မြေးချစ်လည်းချစ်စရာပေပဲလေ... တခြားသူတွေ အမြင်ကို မကြည့်ပဲနဲ့ မြေးလေးပျော်ရွှင်ဖို့သာအရေးကြီးတာပဲလို့ သိလာရတော့တယ်....

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now