အပိုင်း (57)
Wang သခင်ကြီးက ကားလေးကို Wangအိမ်တော်ရှေ့ရပ်လိုက်တာနဲ့ သူရဲ့ ဇနီးဖြစ်သူက အသဲအသန်ဖြင့်အိမ်ထဲကနေ အိမ်ရှေ့ကို ပြေးထွက်လာတော့ကို တွေ့လိုက်ရတာကြောင့် သူ နည်းနည်းတော့ စိတ်ပျက်သွားမိတယ်..... ပြီးတော့သားဖြစ်သူရဲ့ အကြောင်းကို လာမေးနေတာကြောင့်....
"အစ်ကို သားလေး Yiboက ဟိုရှောင်ကျန့်ဆိုတဲ့ ကောင်လေးနဲ့ ယူလိုက်တာဆိုတာ တကယ်လား... အစ်ကို အခုဘယ် ကပြန်လာတာလဲ သားလေးYiboဆီကလား.... အမေတို့ကော Yiboအကြောင်းသိပြီးပြီးလား.... သူတို့မြေးက ဒီလိုယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်တယ်ဆိုတာသာကြားရင် သူတို့အရမ်းလန့်သွားမှာနော်... ကိုယ်သားက အရမ်းဆိုးတာပဲ... ဒီလောက် သူအတွက်ရွေးချယ်စရာအများကြီးကို မကြိုက်ပဲနဲ့ ဘာလို့ ဘာမှမရှိတဲ့ အဲ့ဒီ...ဆွဲဆောင်မှု လုံးဝမရှိတဲ့ သူကိုကြိုက်နေတယ်တဲ့... အစ်ကိုရယ်.... အစ်ကိုယ်ကိုလည်း သူဘာမှ မပြောဖူးမလား သူလုပ်ချင်သူလုပ်နေတာဖြစ်မယ်.... "
သားဖြစ်သူအကြောင်းကို ကိုယ်ရှေ့မှာ လာပြီး ဝေဖန်နေတာတော့ သူသီးမခံနိုင်ပေ.... သူမကို သားရှေ့မှာ ကာကွယ်ပေးနေတာက သူမကို ချစ်လို့မဟုတ်ပေ သားနဲ့ ပြဿနာ မဖြစ်စေချင်တာကြောင့်ဖြစ်သည်.... ဒါပေမဲ့ ဒီလိုထိဝင်စပ်စုတာတော့...
"အေး.... ငါ့သားက သူကြိုက်တာ သူရွေးလိမ့်မယ်.... သူကြိုက်တာက ဘယ်လို လူမျိုးပဲဖြစ်နေပါစေ ငါကတော့ သ ဘောတူ ကြည်ဖြူနေမှာပဲ.... သားလေးက ငယ်ငယ်လေးထဲက မိဘမေတ္တာကို လုံလောက်အောင် မခံစားရဘူး... အရွယ် ရောက်တဲ့ အထိ အဘိုးအဘွားတွေနဲ့ပဲ ရေခြားမြေခြားမှာ သွားနေရတာ သူသာပျော်ရွှင်မယ်ဆိုရင် ငါက ခွင့်ပြုမှာပဲ... သားလေးဘယ်သူကို ယူယူငါက ကြည့်ဖြူပေးနေမှာပဲ... ဒါပေမဲ့ သားကို ခြူစားပြီးတော့ သားရှာသမျှ ပိုက်ဆံတွေ
ထိုင်သုံးပြီး စျေးဝယ်ထွက်နေမဲ့ မိန်းကလေးထက်တော့ သာတယ်.... နောက်တစ်ခါ သားနဲ့ ပတ်သတ်တာကို ဝေဖန်ခွင့် မင်းမှာဘာမှ မရှိဘူးဆိုတာ... သိထားလိုက်ဖို့ ပြောချင်တယ်... သားရဲ့ ကောင်းမွေ ဆိုးမွေမှန်သမျှက ငါကိစ္စပဲ မင်းနဲ့ အနေသာကြီးပဲ... ပြီးတော့ ငါ့သားကိစ္စကို ဝင်ပြီး မနှောက်ယှက်နဲ့လို့ ငါပြောချင်တယ်.... "
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...