နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.6K 86 3
                                    

အပိုင်း (19)

Yiboလေးကို စကားပြောတာ မနိုင်လို့ စိတ်ကောက်သွားတဲ့ သားဖြစ်သူကို ကြည့်ပြီး သူမပြုံးလိုက်မိတယ်..... ဒီကလေး အခုလို ကလေးတစ်ယောက်လိုဆိုးနွဲ့ပြီး စကားပြောတာကို ပထမဦးဆုံးပြန်မြင်ရတာကြောင့် သားသူငယ်ချင်းလေးကိုလည်းကျေးဇူးတင်မိတယ်... သူမဒီတိုင်းလေး သားလေးကို အမြဲ ပြုံးနေတာ မြင်ချင်မိတယ်....

"သား Yiboမင်းကို ကျေးဇူးတင်ပါတယ်.... သားလေးမှာက ငယ်ငယ်လေးထဲက သူငယ်ချင်းတစ်ယောက်တောင် မရှိဘူး.... အန်တီသားရှောင်ကျန့်က စကားပြောရင် လူကြီးဆန်တယ် ထင်ရပေမဲ့ သူက ကလေးစိတ်လေးပါသားရယ်....... သားကို စကားပြောရင်းနဲ့ အမှားတစ်ခုခု လုပ်တာတို့ စိတ်ဆိုးအောင် လုပ်မိရင်ပဲ ဖြစ်ဖြစ် ရှောင်ကျန့်လေးကို စိတ်မဆိုးလိုက်ပါနဲ့နော်.... သူသားကို တော်တော်ခင်နေတဲ့ ပုံပဲသားရယ်.....အန်တီ စကားပြောတာ တစ်ဖက်တည်းကြည့်သလိုဖြစ်ပြီး သားဘက်ကိုမကြည်ဘူးလို့ မထင်လိုက်ပါနဲ့နော် က လေးရယ်..... "

သားဖြစ်သူရှောင်ကျန့် အပြင်ဘက်မှာပစ္စည်းသွားယူနေတုန်း ပြောရှာတဲ့ မိခင်ကို သူနားလည်တာကြောင့်.....

"စိတ်မပူပါနဲ့ ကျွန်တော်ကျန်ကျန့်ကို သေချာဂရုစိုက်မှာပါ အန်တီ သူကို ဘာအကြောင်းနဲ့ဖြစ်ဖြစ် ဘယ်တော့မှ စိတ်ဆိုးမှာ မဟုတ်ပါဘူး..... ပြီးတော့ ဒါလေးက ကျွန်တော်ဖုန်းနံပါတ်ပါ အရေးပေါ်လိုအပ်ရင် ကြိုက်တဲ့အချိန်ဆက်လိုက်နော် အန်တီ....."

Yiboကသူကို​လိုရင် ဖုန်းဆက်နိုင်အောင် ဖုန်းနံပါတ်ကို ပေးထားခဲ့တာဖြစ်သည်... ရှောင်ကျန့်က သူကို ဆက်မှာ မဟုတ်တာကြောင့် သူအန်တီကို တမင် ဖုန်းနံပါတ်လေးပေးထားတာ ဖြစ်သည်.....

"ကျေးဇူးတင်ပါတယ် သားရယ်..... ရှောင်ကျန့် အပေါ် အ ရမ်းကောင်းပေးလို့လည်း အန်တီကျေးဇူးထပ်တင်ပါတယ်ကွယ်...."

ရှောင်ကျန့် ပြန်လာတာ မြင်တော့ yiboနဲ့ မားစကားပြောနေတာ ရပ်လိုက်ကြတာကြောင့်.....

"မားတို့ ဘာတွေပြောနေကြတာလဲ သားအကြောင်းမလား ရော့..... yibo အလုပ်လျှောက်လွှာ တင်ပေးတာ ကျေးဇူး တင်ပါတယ်နော်....."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now