အပိုင်း (100)
Yiboစကားဆုံးတော့ လူတွေက လက်ခုပ်တီးပြီးတော့ ထောက်ခံတဲ့ ပုံစံမျိုးနဲ့ လုပ်ကြတယ်.. Yiboကတော့ ထိုလူတွေကို ဂရုမစိုက်တော့ပဲ သူရင်ခွင်ထဲမှာ ငြိမ်ပြီးနားထောင်နေတဲ့ ယုန်ကလေးက သူပြောတဲ့ စကားတွေကြောင့် မျက်ရည်ဝဲနေတာကြောင့် သူယုန်လေးကို သူငုံကြည့်ပြီးတော့ ပါးလေးကိုငုံပြီး နမ်းလိုက်တယ်... ပြီးတော့ သူယုန်ကလေးရဲ့ ခါးသေးသေးလေးကို မလွှတ်ပဲနဲ့ တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားရင်ကနေ လည်ဂုတ်လေးမှာ မေးတင်ပြီးတော့....
"ကိုယ် ချစ်တာကို ယုံပြီလား ခင်ဗျားလေးကို အမြဲတမ်းဂရုစိုက်တယ်.... ဘယ်တော့မှ တစ်ယောက်ထဲ ထားခဲ့မှာ မ ဟုတ်ဘူး နောက်တစ်ခါ အဲ့ဒီလို အတွေးမျိုးတွေနဲ့ အားမငယ်ရဘူးနော်.... ကိုယ် နှလုံးခုန်နေတဲ့ အချိန်တိုင်းက မင်းပဲ နှလုံး သားထဲမှာ မင်းတစ်ယောက်ထဲအတွက် ထုဆစ်ပုံဖော်ထားတဲ့ ချစ်ခြင်း မေတ္တာတွေပဲ ရှိတယ် သူများတွေအတွက် နေရာလုံးဝအပို မရှိဘူး...ယုံပြီလားလို့ ကိုယ်ကိုပြန်ဖြေအုန်းလေ...."
"အင်း... ငါမင်းကို ယုံကြည်တယ် ပြီးတော့ မင်းလောက်စကားကို လှအောင် မပြောတက်ပေမဲ့ ငါ့နှလုံးသားက ချစ်ခြင်းတရားတွေကလည်း မင်းတစ်ယောက်ထဲအတွက်ပဲ ရှိတယ်ဆိုတာပြောနိုင်တယ်...."
"အဟက်.... ကိုယ် ဝမ်းသားလိုက်တာကွာ...."
သူယုန်လေးကို ပြောပြီးတော့ နှုတ်ခမ်းလေးကို ငုံပြီး နမ်းနေမိတော့တယ်... ဧည့်သည်တွေကတော့ မကြည့်ရဲစွာနဲ့ အစားပဲ ငုံစားနေတော့တယ်.... လူကြီးတွေကတော့ ပျော်ရွှင်နေတဲ့ ကလေးတွေကို ကြည့်ပြီး ပြုံးနေတော့တယ်... သူတို့ကလေးတွေ ပျော်ရွှင်နေကြတာကို ကြည့်ပြီး ကျေနပ်နေမိတော့တယ်.... Wang Yiboကတော့ သူရင်ခွင်ထဲက ယုန်လေးကို ကြည့်ပြီးတော့....
"ကိုယ်မင်းကို ဘဝတစ်သတ်စာ အပူအပင်ကင်းကင်းနဲ့ မျက် ရည်တစ်စက်မှ မကျရအောင် ကိုယ်ထားမယ်လို့ကတိပေးတယ် ယုန်လေးရယ်..."
စိတ်ထဲက ကတိတွေပေးပြီးတော့ ချစ်ရသူလေးကို ဖက်ထားမိပါတော့တယ်.... သူတစ်ကမ္ဘာလုံး ချစ်ခြင်းကြောင့် မွှေးရနံတွေ သင်းထုံနေပါတော့တယ်....
YOU ARE READING
နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete)
Fanfictionမင်းမို့လို့ ချစ်တာ...... ငါ့ရဲ့ ချစ်ခြင်းတွေကို ဘယ်သူမှ ယုံဖို့မလိုဘူး..... မင်းသိရင် ကျေနပ်တယ်........ မင်းဟာ ငါ့ရဲ့ အပိုင်...... Wang Yibo အချစ်ဆိုတဲ့အရာကို ကျွန်တော် မယုံရဲဘူး...... ပြ...