နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း(U+Z)

1.5K 90 3
                                    

အပိုင်း (27)


တစ်ခုခုကိုပြောချင်ပေမဲ့ Yiboကို ဒုက္ခပေးသလို ဖြစ်နေမှာစိုးတာကြောင့် ပြောရင်ကောင်းမလား မကောင်းဘူးလား တွေးနေမိတယ်.... သူကနေနိုင်ပေမဲ့ ဗိုက်ကလေးကမနေနိုင်တော့တာကြောင့်.....

"Yibo ကျန်ကျန့်လေ ဟို ဗိုက်ဆာလို ဆိုင်တစ်ဆိုင်မှာရပ်ပေးပါလားဟင်.... yiboလည်း ဗိုက်ဆာလားဟင်.... တကယ်လို့ အချိန်မရတော့ရင်လည်း ကျန်ကျန့်ကို ချပေးခဲလေးနော်...."

သူကို မေးလာတဲ့ ယုန်လေးက အမှန်ဗိုက်ဆာနေတဲ့ပုံပင် ဗိုက်ထဲမှာ အသံတွေတောင် ကြားနေရတော့.....

"အဟက်......ဟုတ်ပါပြီး မင်းအတွက် ကိုယ်အားပါတယ် ကိုယ်တော်လေးသဘော မုန့်အရင်စားကြတာပေါ့ ဟုတ်ပြီးလား......"

သူရယ်တော့ ဗိုက်ဆာနေတာကို ရယ်ရမလားဆိုပြီး နှုတ်ခမ်းလေးဆူသွားပြီး စိတ်ကောက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး သူမှာလိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့ ကြည်နေရတယ်.... ခင်ဗျားက အသက်သာကြီးတာ စိတ်လေးက ကလေးစိတ်လေး... ဒါပေမဲ့ စိတ်ထဲမှာ တစ်ယောက်တည်း ခံစားနေရတာကို ဖုံးကွယ်ထားပြီး နာကျင်နေမှာကိုတော့ သူစိုးရိမ်တယ်.... သူ ဟော့ပေါ့ဆိုင်ရှေ့မှာ ကားလေးရပ်လိုက်ပြီးတော့......

"ကျန်ကျန့် ကားထဲမှာ ခဏထိုင်နေဦးနော်....."

ပြောပြီး ကားနောက်ဖုံးထဲ တစ်ခုခုရှာနေတဲ့ Yiboကြောင့်သူလည်း ငြိမ်ငြိမ်လေ ထိုင်နေလိုက်တော့တယ်....

"ရော..... ဒီဖိနပ်လေး ခဏစီးထား မုန့်စားပြီးရင် ဖိနပ်သွားဝယ်ကြမယ်.... အခုတော့ ဆာနေတဲ့ ဗိုက်လေကို အရင်ဖြည့်ကြတာပေါ့....."

သူပေးတဲ့ ဖိနပ်လေးကိုစီးရင်းနဲ့ တစ်ခုခုမေးချင်နေပုံရတဲ့ယုန် လေးကြောင့် ......

"ဘာပြောမလိုလဲ ကျွန်တော်ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်......နောက်တစ်ခါ အားနာတဲ့ ပုံစံနဲ့ ကျွန်တော်ကို မကြည့်နဲ့ ကျွန်တော်တို့က သူငယ်ချင်းတွေလေ....."

နှလုံးသွေးဖြင့် ထုဆစ်သော ချစ်ခြင်း (Complete) Where stories live. Discover now