PART [ 1 ]

97.9K 2.8K 111
                                    

"အမေ...ကျွန်တော် အခုမှ အသက် ၂၂ ပဲ ရှိသေးတာဗျာ"

"အသက် ၂၀ တုန်းကလည်း အဲ့ဒီလို ပြောခဲ့တာပဲ"

သူ ကျောင်းပြီးလျှင် မိဘချင်း သဘောတူသည့် မိန်းကလေးနှင့် လက်ထပ်ရမည်ဟု အဆိုရှိထား၏။ ကျောင်း ငါးနှစ် တက်ပြီးတာတောင် ချစ်သူ မတွေ့သေးတဲ့ သူက အိမ်က ပေးစားသူနဲ့ ယူဖို့ဆိုတာ မဖြစ်နိုင်ပါ။

"တက္ကသိုလ် ကျောင်းသားဘဝဆိုတာ ပြန်မရနိုင်ဘူးလေ"

"အဲ့ဒါကြောင့် ၁၀နှစ်လောက် ကျောင်းပျော်လုပ်ဖို့များ တွေးနေတာလား John"

Honours တန်း ပြီးပြီဆိုကာ အမေက သူ့အား အိမ်ထောင်ချပေးဖို့ လောနေပြီဖြစ်သည်။ Master ဆက်တက်ဖို့ကို ကန့်ကွက်ချင်ပေမဲ့ "သား ပညာစုံမှ စီစဥ္မှာပါ" ဟူသည့် စကားအခံရှိထားတော့ တားမရခြင်း။

"ကျွန်တော်က Master years ပြီးရင် PhD ဆက်တက်ရင်ကောင်းမလားတောင် တွေးနေတာ"

"မနိုင်ဘူးရှင် မနိုင်ဘူး"

ပြောမရသည့်အဆုံးမှာ အမေက သူ့ကို လက်​မြှောက်ပြီး ဖုန်းချသွားပြန်၏။

ထုံးစံအတိုင်း တစ်ပါတ်လောက်တော့ အဆက်အသွယ်မလုပ်ဘဲ စိတ်ဆိုးနေဦးမှာပင်။

"ဒါ သားသား နေရမဲ့ အဆောင်လေ"

"ကိုကြီးတို့ တက္ကသိုလ် လေးနှစ်လုံး ဒီမှာပဲ နေခဲ့တာ"

John လေသာဆောင်ပေါ်တွင် ရပ်နေရာမှ အသံတွေလာရာ အန်တီနန်းဦးတို့ အဆောင်ဘက်ဆီ ကြည့်လိုက်မိ၏။

"အဖရေ အငဲကို အဆောင်မှူးဆီ လိုက်အပ်ပေးလိုက်ပါဦး"

"ပစ္စည်းတွေ ကိုကြီးတို့ သယ်မယ်...ထားလိုက်"

ကားနှစ်စီးဖြင့် မိသားစု စုံစုံလင်လင် လိုက်ပို့ကြခြင်းအရ ကျောင်းတက်မည့် ကလေးက ပထမနှစ် ဖြစ်နိုင်သည်။

"သားသား ကားမူးနေလို့လား...အနွေးထည်တွေ ချွတ်လိုက်"

အန်တီတစ်ယောက်က အနွေးထည်တွေထဲ မြုပ်နေသော ကောင်လေးရဲ့ ခေါင်းပေါ်က အနက်ရောင် Beanieကို ဆွဲချွတ်လိုက်ပြီး မျက်နှာတစ်ဝက်ထိ ပါတ်ထားသော မာဖလာကိုပါ ဖယ်လိုက်တော့ ငယ်ရွယ်သည့် ပထမနှစ်ကျောင်းသားလေးရဲ့မျက်နှာက ပေါ်လွှင်လာသည်။

Lovey DoveyWhere stories live. Discover now