PART [ 83 ]

8.7K 1.2K 133
                                    

"ဒီနေ့ သွားစရာ ရှိလား လွမ်း"

"ဟင့်အင်း"

လျှော်ပြီးသား အဝတ်တွေကို ​​ဖြန့်လှန်းနေသည့် သူ့အနားသို့ သုတက လာမေးတော့ လွမ်း ခေါင်းရမ်းပြလိုက်၏။

"ဒါဆို ငါ မြို့ထဲက စာအုပ်ဆိုင်ကို သွားမလို့ လိုက်ခဲ့ပါလား"

"အင်း...ရေချိုးပြီးရင် သွားကြတာပေါ့"

သုတနှင့်သူ အဆောင်မှ ထွက်လာချိန်က မနက် ၁၀ နာရီခွဲ။ မြို့ပတ်ကား စီးပြီး သူတို့တွေ သုတ သွားနေကျ စာအုပ်ဆိုင်ကို ရောက်တော့ ကိုလတ်ဆီကနေ ဖုန်းဝင်လာသည်။

"အငဲ အဆောင်မှာလား"

"မဟုတ်ဘူး ကိုလတ်...ကျွန်တော် မြို့ထဲမှာ"

"ဟုတ်လား...ကိုလတ်က ပွဲရုံ လာရင်းနဲ့ အငဲဆီ ဝင်မလို့"

"အခု ကိုလတ်က ဘယ်မှာလဲ"

"ပွဲရုံမှာ...ခဏနေကျ အလုပ်ပြီးပြီ"

"အဲဒါဆို ကျွန်တော် မြို့မစျေးနားကပဲ စောင့်မယ်လေ...ကိုလတ်ရောက်ရင် ဖုန်းဆက်လိုက်"

"ကောင်းပါပြီဗျာ"

လွမ်း လက်ထဲက ဖုန်းကို ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ​ပြန်ထည့်ပြီး သုတ စာအုပ်ရွေးနေသည့် ဘက်ကို လိုက်ဝင်သွားလိုက်သည်။

"လွမ်း ဒီမှာ ဒီလ အသစ်ထွက်တဲ့ စာအုပ်တွေ"

သူတို့သူငယ်ချင်းနှစ်ယောက် ဖတ်ချင်တဲ့ စာအုပ်တွေကို ဝယ်ပြီးနောက် ကိုလတ်နှင့်ချိန်းထားသည့် မြို့မစျေးဝင်ပေါက်တွင် ကိုလတ်ကို ရပ်စောင့်နေလိုက်ကြ၏။

"ဟိုမှာ မင်းရဲ့ကိုလတ်"

ငေးငိုင်နေသည့် သူ့အား သုတက ပြောတော့မှ လမ်းတစ်ဘက်ကနေ ကူးလာသည့် ကိုလတ်ကို လွမ်း မြင်တာဖြစ်သည်။

"မင်္ဂလာပါဗျ"

"မင်္ဂလာပါ သုတလေး"

ကိုလတ်က သုတလေးဟု ခေါ်တော့ သုတ မျက်နှာက ရဲကနဲ။

"နေ့လယ်စာ စားပြီးကြပြီလား"

"မစားရသေးဘူး ကိုလတ်"

"ကိုလတ် လိုက်ကျွေးမယ်"

"ဟုတ်"

စျေးနှင့်အနီးအနားရှိ ဆိုင်တစ်ဆိုင်တွင် ကိုလတ်က ကြေးအိုးလိုက်ကျွေးတော့ သူရော သုတရော ဖက်ထုပ်ကြေးအိုးပဲ မှာဖြစ်ကြပြီး ကိုလတ်ကတော့ ကြေးအိုးဆီချက် မှာ၏။

Lovey DoveyWhere stories live. Discover now