PART [ 84 ]

8.8K 1.2K 94
                                    

ခွန်က ဒီနေ့ ပုံမှန်ကျောင်းသွားချိန်ထက် နောက်ကျနေ၍ Isaac အိမ်ရှေ့လမ်းတွင် လည်တဆန့်ဆန့် ဖြစ်နေရသည်။ ၈ နာရီ ခွဲသည်အထိ ခွန် ထွက်မလာသည့် အခါမှာတော့ သူ ခွန်တို့ အိမ်ဘက်ကို လျှောက်သွားလိုက်ပါ၏။

"ခွန်"

"လာပြီ Isaac"

အိမ်တံခါးမကြီးကနေ ထွက်လာသည့် ခွန်က လက်တစ်ဖက်ထဲတွင် Textbook တွေကို ကိုင်ထားရသည့်အပြင် တစ်ဘက်က ခြင်းတစ်ခုကိုလည်း ဆွဲထားရသည်။

"ခွန် စာအုပ်တွေ ကျွန်တော့်ကိုပေး"

"မင်း အတန်းနောက်ကျနေပြီလား"

"ဟင့်အင်း...ကျွန်တော်တို့အတန်းက ၁၀ နာရီမှ စတာ"

"တော်သေးတာပေါ့...ငါ ဒီနေ့ Lunch box လုပ်နေတာနဲ့ နောက်ကျသွားတာ...ကျောင်းမှာ မင်းနဲ့အတူ နေ့လယ်စာ စားချင်လို့လေ"

ခွန်က ထိုသို့ပြောတော့မှ ခွန် ဆွဲထားသည့် အပြာရောင် ဆွဲခြင်းလေးကို Isaac သေချာကြည့်မိသည်။ ခြင်းထဲတွင် Lunch box နှစ်ဘူးအပြင် ဖန်ရေဘူးနှင့် သစ်သီးဘူး တစ်ဘူး ပါ၏။

"ခွန်က မနက်အစောကြီးလည်း ဆိုင်ဖွင့်ရသေးတာကို အလုပ်များတာပေါ့"

"ငါက ငါ့ရဲ့အချိန်တွေကို ကောင်းကောင်းစီမံနိုင်ပါတယ်"

သူတို့နှစ်ယောက် ကျောင်းကို ရောက်တော့ သူ ခွန့်ကို အတန်းထဲ အထိ လိုက်ပို့ပေးဖြစ်သည်။ လူတချို့က သူနှင့်ခွန့်ကို တွဲမြင်တိုင်း တီးတိုးပြောကြတာတွေ ရှိပေမယ့် ခွန်ရော သူရောက ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုကို ဂရုစိုက်ကြသူတွေ မဟုတ်ချေ။

သူ ခွန့်ကို တတိယနှစ်ကတည်းက လိုက်နေမှန်း သိကြသူတွေကတော့ သူတို့နှစ်ယောက် ရည်းစားဖြစ်သွားတာကို ဝမ်းသာကြသည်။ သူ ခွန့်ဆီကနေ အဖြေရခဲ့သည့် နေ့တုန်းကလည်း သူ့ရဲ့Social media account တွေမှာ ခွန်နှင့်သူဟာ ရည်းစားတွေ ဖြစ်ကြောင်း relationship status တင်ထားပြီးသားပင်။

"ကျွန်တော် နေ့လယ် အတန်းဆင်းတာနဲ့ ခွန့်ဆီ လာခဲ့မယ်"

"အင်း"

Isaac မနက်ပိုင်း အတန်း နှစ်ချိန်တက်ပြီး နေ့လယ် Breaktime ရောက်တော့ လျှံသောတကို ဖုန်းဆက်လိုက်သည်။

Lovey DoveyWhere stories live. Discover now